စီးကရက်မီးညှိပေါက်ပါဝင်သော Power Bank

Power-Bank.jpg

လူသုံးကုန် လျှပ်စစ်ပစ္စည်းများကို ပိုပြီး အသုံးတည့်အောင် 2 IN 1, 3 IN 1 ထုတ်လုပ်လာကြသည့် အချိန်တွင် စိတ်ဝင်စားစရာ ပစ္စည်းတစ်မျိုး ဈေးကွက်အတွင်းသို့ ထပ်မံဝင်ရောက်လာသည်။ Dong Fang Hong အမျိုးအစား Power Bank Flashlight မော်ဒယ် 902 ဖြစ်သည်။ အဆိုပါ ပစ္စည်းမှာ ဖုန်း၊ ဂိမ်း၊ PSP၊ GPS စသည့် ပစ္စည်းများကို အားပြန်သွင်းပေးနိုင်သည့် Power Bank ဖြစ်သော်လည်း ဓာတ်မီးငယ်တစ်ခုနှင့် မီးတောက် မထွက်ဘဲ ကားစီးကရက်မီးညှိပေါက်ကဲ့သို့ ကွိုင်စနစ်ဖြင့် စီးကရက်မီးညှိပေါက် တစ်ပေါက်ပါဝင်သည်။ 4800 mAh 3.7 ရှိသော Rechargeable battery ကို အသုံးပြုထားပြီး USB ကြိုးဖြင့် အားသွင်းရမည် ဖြစ်သည်။ Android စနစ်သုံး ဖုန်းအများစုဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ ဓာတ်မီးအတွက် CREE အမျိုးအစား LED မီးတစ်လုံးကို အသုံးပြုထားပြီး မီးအလင်း၊ အမှိန်၊ အချက်ပြဆိုပြီး သုံးမျိုး အသုံးပြုနိုင်သည်။ ခရီးဆောင်၊ အိတ်ဆောင်အရွယ်ဖြစ်ပြီး ရွှေရောင်နှင့် အမည်းရောင်ဟူ၍ အရောင်နှစ်မျိုးရှိမည် ဖြစ်သည်။ တန်ဖိုးမှာကျပ် ၁၆,၀၀၀ ဝန်းကျင်ဖြစ်ပြီး Asia Best Link ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။