Multi Function Spy Clock

Multi-Function-Spy-Clock.jpg

ပုံမှန်ကြည့်လိုက်ပါက စားပွဲတင်နာရီတစ်လုံးဟု ထင်ရသော်လည်း လျှို့ ဝှက်ကင်မရာတစ်ခုကဲ့သို့ အသုံးတည့်မည့်ပစ္စည်းဖြစ်သည်။ နာရီအပြင် နှိုးစက်၊ အခန်းအပူချိန် ဒီဂရီစင်တီဂရိတ်/ ဒီဂရီဖာရင်ဟိုက်နှင့် ပြက္ခဒိန်
အဖြစ် ပုံမှန်ဖော်ပြပေးနေမည်ဖြစ်သည်။ Spy Camera အနေဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်သည့်အပြင် အသံဖမ်းသီးသန့်အနေဖြင့်လည်း အသုံးပြုနိုင်သည်။ ဓာတ်ပုံကို jpeg, ဗီဒီယိုကို AVI၊ အသံဖမ်းခြင်းကို MP3 ဖိုင်များဖြင့် သိမ်းဆည်းပေးမည်ဖြစ်သည်။ Internal memory မပါဝင်ဘဲ TF ကတ်ဖြင့် 32 GB အထိ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ Motion Detection စနစ်ပါဝင်သည်။ မြင်ကွင်းကျယ် ၁၄၀ ဒီဂရီအထိရနိုင်ပြီး ဓာတ်ခဲမှာတစ်နေကုန်ခံသည်ဟု သိရသည်။ Remote Control ပါဝင်သည်။ Long Time CCTV ကင်မရာလို အသုံးပြုနိုင်သည်။ စားပွဲတင်နံရံကပ် စိတ်ကြိုက်သုံးနိုင်ပြီး တန်ဖိုးကျပ် ၆၀,၀၀၀ ဝန်းကျင်ဖြင့်
တော်ဝင်စင်တာ ဒုတိယထပ် ၃၀၇၅ ဖုန်း ၈၆၀၀၀၀၉ (လိုင်းခွဲ-၃၀၇၅) နှင့် ၀၉-၄၂၁၁၁၄၆၈၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။