Music Flow Wi-Fi စနစ်ကို အမေရိကန် CES 2015 ပြပွဲတွင် LG ပြသသွားမည်

ukbimfyalltocrjti50f.jpg

LG သည် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် CES 2015 ပြပွဲတွင် Music Flow Wi-Fi စနစ်ကို ပြသပေးသွားမည်ဖြစ်ပြီး ၎င်းတွင် on-the-go music နှင့် IM-ing ကဲ့သို့ feature များ ပါဝင်လာမည် ဖြစ်သည်။

အဆိုပါစနစ်တွင် Wi-Fi စပီကာလေးလုံး ပါဝင်လာပြီး ၎င်းစပီကာများအနက် တစ်ခုမှာ on-board ဘက်ထရီကို အသုံးပြုထားသလို ထပ်ဆောင်း ထည့်သွင်းပေးထားသော soundbar သုံးခု ပါဝင် လာသည်။
LG ၏ Music Flow စနစ်ကို ၂၀၁၄ ခုနှစ်တွင် IFA ပြပွဲတွင် စတင်ပြသခဲ့ပြီး ၎င်းတွင် သီးသန့်ထုတ်လုပ်ထားသော H7(NP8740), H5(NP8540) နှင့် H3(NP8340) စပီကာမော်ဒယ်များ ပါဝင်သည်။ အဆိုပါ စပီကာ မော်ဒယ်များနှင့်အတူ ကုမ္ပဏီ၏ ပထမဦးဆုံး ဘက်ထရီပါဝင်သော ကြိုးမဲ့စပီကာ LG H4 (NP8350) ကိုလည်း Music Flow စနစ်အတွင်း ထည့်သွင်းပေးခဲ့သည်။

အခြားပြိုင်ဘက်များမှ ထုတ်လုပ်သည့် စနစ်များကဲ့သို့ပင် Music Flow သည် သုံးစွဲသူ၏ဖုန်း၊ ကွန်ရက်သို့မဟုတ် Spotify Connect, Rhapsody နှင့် TuneIn အပါအဝင် ဝန်ဆောင်မှုများစွာမှ သီချင်းများကို နားထောင်နိုင်မည် ဖြစ်သည်။

Ref: CNET