Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီ ယခုနှစ်ကုန်တွင် နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ကွန်ရက် လွှမ်းခြá€

IMG_9017.jpg

ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် လုပ်ကိုင်နေပြီဖြစ်သည့် Ooredoo Myanmar  ကုမ္ပဏီသည် ၂၀၁၄၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ၎င်းတို့၏ ဝန်ဆောင်မှုများ လွှမ်းခြုံနိုင်စေရန် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက်ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် သြဂုတ်လဆန်းပိုင်းမှ စတင်၍ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ စတင် ရောင်းချခဲ့သော ကာတာဆက်သွယ်ရေး ကုမ္ပဏီသည် တစ်လအတွင်းဆင်းမ်ကတ် အရေအတွက် တစ်သန်းခန့် ကို ရောင်းချနိုင်ခဲ့ပြီး ၂၀၁၄၊ နိုဝင်ဘာလကုန်တွင် မြန်မာနိုင်ငံလူဦးရေ ၅၃ သန်းကျော်၏ ၃၀ ရာခိုင်နှုန်း အား ၎င်းတို့၏ ဆက်သွယ်ရေး ကွန်ရက်များ လွှမ်းခြုံပြီးဖြစ်သည်ဟု အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ယခုလက်ရှိအချိန်တွင် အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ဆင်းမ်ကတ်အရေအတွက် ၂ သန်းကျော်ကို ဈေးကွက်အတွင်း ရောင်းချထားပြီးဖြစ်သည်။ သို့သော် Ooredoo   ဆက်သွယ်ရေး ကွန်ရက်သည် နေရာဒေသမရွေး အသုံးပြုနိုင်သေးခြင်း မရှိသည့်အတွက် ၎င်းတို့၏ဆင်းမ်ကတ်များသည် ဈေးကွက်အတွင်း ရောင်းချပြီးသလောက် သုံးစွဲမှု မရှိသေးကြောင်း ရန်ကုန်မြို့တွင်း အခြေစိုက် မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့မှ စုံစမ်းသိရသည်။

“Ooredoo ဆင်းမ်ကတ်တွေကတော့ အမြဲဝယ်သူ ရှိနေတာပါပဲ။ ဈေးကွက်မှာဝယ်တဲ့သူ အမြဲရှိတယ်။ တိုးနေတယ်။ ဒါပေမဲ့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းက မကောင်းသေးတော့ ဝယ်ပြီးမှ ပြန် သိမ်းထား ရတာတွေလည်း အများကြီးပဲ ရှိနေတယ်ဟု” အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီ၏ ဖြန့်ချိရေး ကိုယ်စား လှယ်ဖြစ်သော မိုဘိုင်းဆိုင်တစ်ဆိုင်မှတာဝန်ရှိသူ တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်တွင် ငါးနှစ်အတွင်း၌ တစ်နိုင်ငံလုံးလူဦးရေ၏  ၉၇ ရာခိုင်နှုန်းအထိ ကွန်ရက်ဖြန့်ကျက်နိုင်မည်ဟု ကတိပေးထားသော Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် တာဝါတိုင်တည် ဆောက်မှုအပါအဝင် အချို့သော လုပ်ငန်းလည်ပတ်မှုများတွင် အခက်အခဲ အချို့ရှိနေခြင်းကြောင့်သာ ဆက်သွယ်ရေးကွန်ရက်ကို မျှော်မှန်းထား သလောက် အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းဆက်သွယ်ရေးကဏ္ဍကိုစောင့်ကြည့်နေသည့်လုပ်ငန်းရှင် အချို့က သုံးသပ်ပြောကြားသည်။

“Ooredoo ရော Telenor ရော ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍကို အများကြီးပြောင်းလဲအောင် လုပ်နိုင်စွမ်းတွေရှိကြပါတယ်။ သူတို့မှာတိုးတက်ဖို့ကို ဆန္ဒတွေလည်း အများကြီး ရှိတာတွေ့ ရတယ်။ မြန်မာပြည်ဆက်သွယ်ရေးဈေးကွက်က အရမ်းကြီးတဲ့အတွက် ဒီထက်ပိုပြီး အဆပေါင်းများစွာဖွံ့ဖြိုးလာဖို့ သူတို့မှာဆန္ဒတွေရှိကြတယ်။ ဒါပေမယ့် တချို့ပူးပေါင်းရတဲ့ အပိုင်းတွေမှာ အခက်အခဲတွေလည်း ရှိကောင်းရှိနိုင်ကြတယ်” ဟု လူငယ် ကွန်ပျူတာလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Ooredoo Myanmar သည် ၎င်းတို့၏ ဆက်သွယ်ရေး ကွန်ရက်များကို နေ့စဉ်ဖြန့်ကျက်မှုများ ပြုလုပ်နေသော်လည်း တာဝါတိုင်တည်ဆောက်မှုများမှာ အပြည့်အဝပြီးစီးခြင်း မရှိသေးသည့် အတွက် အဆိုပါ ဆင်းမ်ကတ် အသုံးပြုသူများသည် ဖုန်းလိုင်းမမိခြင်းနှင့် အင်တာနက်ချိတ်ဆက်မှုမှာ နေရာမရွေးအသုံးမပြုနိုင်သေးသည့် အခက်အခဲအချို့နှင့် ကြုံတွေ့နေရဆဲဖြစ်သည်။