Final Fantasy XIII-2

game_review_15-50.jpg

Console Version တွေပဲ ထွက်ထားပြီးတော့ PC မှာ မထွက်လောက်တော့ဘူးလို့ ထင်ထားရတဲ့ Final Fantasy XIII ဂိမ်းဟာ ၂၀၁၄ အောက်တိုဘာလအတွင်းက Steam Platform မှာ PC Version ထွက်ရှိ လာခဲ့သလို သူ့ရဲ့ နောက်ဆက်တွဲ ဂိမ်းနှစ်ခုဖြစ်တဲ့ FF XIII-2 နှင့် Lightning Returns – Final Fantasy XIII တို့ကို လအနည်းငယ်ခြားပြီး ဆက်လက်ရောင်းချသွားမည်ဆိုပြီး Square Enix ကကြော်ငြာခဲ့ပါတယ်။ Final Fantasy XIII ထွက်လာတော့ PC ဂိမ်းကစားတာများတဲ့ JRPG ဂိမ်းပရိသတ်တွေရော၊ ပိုကောင်းတဲ့ graphics, resolution တွေနဲ့ ကစားချင်သူတွေအတွက်ပါ အဆင်ပြေခဲ့ပါတယ်။ ပထမ Final Fantasy XIII ဂိမ်းဟာ graphics ကြည့်ကောင်းပေမယ့် combat ပိုင်းနဲ့ customization ပိုင်း အရမ်းရိုးရှင်းသလို Auto battle system ပါဝင်တဲ့အတွက်ကြောင့်လည်း နေရာအတော်များများမှာ ကစားရတာ အရမ်း လွယ်ကူနေစေပါတယ်။ ကိုယ်တိုင်သွားလာရတဲ့ exploration ပိုင်းကြတော့လည်း အစပိုင်း ၁၅ နာရီလောက်မှာ side quests များ မပါသလောက်ဖြစ်နေတဲ့အပြင် မြေပုံကလည်း အပေါ်မှအောက်၊ ဘယ်မှညာ တစ်ချိန်လုံး တည့်တည့်ပဲ သွားနေရတဲ့အတွက်ကြောင့် အခြား Final Fantasy ဂိမ်းတွေနဲ့ ယှဉ်ပြီး အားမရဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဆက် FF XIII-2 မှာတော့ ပရိသတ်တွေ ထောက်ပြခဲ့တဲ့ အချက်တွေ အတွက် များများကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့သလို Open World gameplay နဲ့ ရွေးချယ်စရာ missions ပေါင်းများစွာ ပါဝင်ထားလို့ gameplay ပိုင်း အများကြီး ပိုအားသာလာတဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ ရပါတယ်။

Final Fantasy XIII-2 ဟာ FF XIII ရဲ့ တိုက်ရိုက်အဆက်ဖြစ်ပေမယ့် ပထမ FF XIII ကို မကစားဖူးတဲ့သူတွေကတော့ မူလဂိမ်းမှ အဖြစ်အပျက်များကို ပြန်လည်ရှင်းပြထားတဲ့ video files တွေကို game menu မှ တစ်ဆင့် ကြည့်ရှုနိုင်မှာပါ။ ဒါပေမဲ့ ပထမဂိမ်းကို ကစားထားရင်တော့ ဇာတ်ကောင်တွေအကြောင်း ပိုရင်းနှီးပြီးသား ဖြစ်နေမှာပါ။ သတင်းကောင်းနောက်တစ်ခုကတော့ ပထမ Final Fantasy XIII ကလို CGI ရုပ်ရှင်နဲ့ Cutscenes တွေအများကြီး မပါဝင်ထားလို့ အရင်ကလို DVD ၁၀ ချပ်ကျော်နေမှာမဟုတ်ဘဲ 25 GB နီးပါးပဲ ရှိတာတွေ့ ရမှာပါ။ FF XIII-2 မှာ ကစားသူအဓိက ကိုင်တွယ်ရမယ့် main character တွေ
ကတော့ အရင် FF XIII မှ main heroine ဖြစ်တဲ့ Lightning ရဲ့  ညီမ Serah Farron နဲ့ အချိန်ခရီးသွားနိုင်သူ Noel Kreiss တို့နှစ်ယောက်ဖြစ်ပါတယ်။ လူကြိုက်များတဲ့ FF character တစ်ယောက်ဖြစ်တဲ့Lightning
ကို FF XIII-2 ရဲ့ Trailers၊ Posters နှင့် Box Arts တွေမှာပါ အဓိကမြင်တွေ့ ရမှာဖြစ်ပေမယ့် ဂိမ်းထဲမှာတော့ခဏတဖြုတ်ပဲ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ Serah နှင့် Noel တို့အနေနဲ့သာ အချိန်နှင့် ကွဲပြားခြား နားသော dimension များသို့ ခရီးသွားရင်း Lightning ကို ရှာဖွေရမှာ ဖြစ်ပါတယ်။

Serah နှင့် Noel တို့နှစ်ယောက်ပဲ ကိုင်တွယ်ရမယ်ဆိုလို့ ပျင်းစရာကောင်းမယ်ထင်ရပေမယ့် အချိန်အနည်းငယ် ကစားပြီးချိန်မှာတော့ မိမိနဲ့ တိုက်ခိုက်ပြီးတဲ့ Monsters တွေကိုလည်း Party Member အဖြစ် ထည့်သွင်းနိုင်တာကို တွေ့ ရှိရမှာဖြစ်ပါတယ်။ Ability မတူညီတဲ့အပြင် သီးသန့် Special Skills တွေပါဝင်တဲ့ Monsters ပေါင်းများစွာကို Party Member အဖြစ် ထည့်သွင်းနိုင်ခြင်းကြောင့် အရင် FF XIII ကထက် battle system ပိုင်း ပိုသွက်လာတာ တွေ့ ရှိရမှာပါ။ အရင်လို Snow က Sentinel Class, Vanille က Ravager Class အစရှိသဖြင့် ပုံသေ နည်းဆန်ဆန် gameplay ပုံစံမဟုတ်တော့ဘဲ Monsters ပြောင်းတိုင်း character class တွေ လိုက်ပြောင်းနေမှာဖြစ်လို့ ကစားကွက်မျိုးစုံ Strategy မျိုးစုံပြောင်းလဲနိုင်မှာပါ။ နောက်ထပ်ကစားလို့ကောင်းအောင် ပြင်ဆင်ထားတဲ့အချက်ကတော့ အစောပိုင်းကတည်းက Side quests များ ရွေးချယ်ကစားနိုင်တာရယ်၊ mini game နှင့် puzzle ပိုင်းတွေ ပါတာရယ်  Level design တွေကို အရမ်းကြီးရိုးရှင်းအောင် တည်ဆောက်ထားခြင်းမရှိတော့တာရယ် ဖြစ်ပါတယ်။

ပထမ Final Fantasy XIII ဂိမ်းရဲ့ PC Version မှာဆိုရင် resolution က 1280 နားကပ်နေသလို 1080p quality ကိုလည်း in-game options အနေနဲ့ ချက်ချင်းချိန်မရခဲ့ရလို့ GeDoSaTo လိုမျိုး လူသုံးများတဲ့ third party software တွေကို အသုံးပြုပြီး ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ ဒါပေမဲ့ Final Fantasy XIII-2 မှာတော့ အစကတည်းက in-game video options ကတစ်ဆင့် resolution အမြင့်ဆုံး တင်နိုင်ပြီဖြစ်သလို Japan ဘာသာစကားရော English ဘာသာစကားပါ Voice Acting ပါဝင်ထားလို့ အရင် English အသံထွက်ဖြင့်ပဲ ကစားခဲ့ရသူတွေအနေနဲ့ နာမည်ကျော် Japan အသံသရုပ်ဆောင်တွေဖြစ်တဲ့ Minako Kotobuki, Daisuke Kishio နှင့် Maaya Sakamoto တို့ရဲ့ အသံတွေနဲ့အတူ ကစားနိုင်မှာပါ။

Final Fantasy XIII-2 ရဲ့ main quest ကို  နာရီ ၂၀ ကျော်ကျော်နဲ့ ပြီးအောင်ကစားနိုင်ပေမယ့် Side Quests ပေါင်းများစွာ ပါဝင်သလို alternate endings  မျိုးစုံ ပါဝင်ထားလို့ JRPG ပရိသတ်များ အကြိုက်တွေ့ မှာပါ။ Story ပိုင်းလည်း မူလ FF XIII နှင့် အများကြီးဆက်စပ်မှုမရှိတဲ့အတွက် အရင်ဂိမ်းကို မဆော့ဖူးသူတွေရော ပြီးအောင်မဆော့ဖြစ်သူတွေပါ ကစားသင့်တဲ့ JRPG ဂိမ်းကောင်း တစ်ခုဖြစ်ပါတယ်။ PC အတွက် တတိယမြောက်ဇာတ်သိမ်းဂိမ်း Lighting Returns – Final Fantasy XIII ကတော့ ၂၀၁၅ အစောပိုင်းမှာ ဆက်လက်ထွက်ရှိလာမှာပါ။
-နေအောင်လတ် (mmgamers.com)