တည်ငြိမ်တဲ့ရုပ်ထွက်နဲ့ Volvo S60 Sedan 2014

volvo-s60-2014.jpg

များသောအားဖြင့်တော့ Volvo ရဲ့မော်ဒယ်တွေက လမ်းကြောင်းမောင်း SUV တွေနဲ့ Crossover တွေဖြစ်ပြီးတော့ ဆီဒင်တွေကတော့ ထုတ်လုပ်မှု နည်းပါးသလို ဈေးကွက်မှာလည်း အောင်မြင်မှု သိပ်မတွေ့ ရပါဘူး။ ဒါပေမဲ့ Volvo က ဆီဒင်တွေ မထုတ်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ထုတ်ပါတယ်၊ ထွက်ပါတယ်။ အခု ကျွန်တော် မိတ်ဆက်ပေးမယ့် S60 ကလည်း ဒီဇိုင်းပိုင်းမှာ ဆွဲဆောင်မှု ကောင်းကောင်းနဲ့ ထုတ်လုပ်ထား
တာ တွေ့ ရသလို ရှေ့ ဘက်ရုပ်ထွက်ကို မြင်တာနဲ့ Volvo ရဲ့ မော်ဒယ်မှန်း ချက်ချင်း သိနိုင်လောက်အောင် သိသာ ထင်ရှားတာတွေ့ နိုင်ပါတယ်။ ဒီလိုမျိုး Brand ကို ချက်ချင်း သိနိုင်လောက်အောင် ဆိုတာကလည်း ရုပ်ထွက်ပိုင်း သိသာမှုထက် ပိုပြီးတော့ Volvo ရဲ့  Branded Logo ကိုက အခြားကုမ္ပဏီတွေရဲ့  Logo တွေထက် သိသာတာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ရုပ်ထွက်ကိုမြင်တာနဲ့ Volvo မှန်း လူတိုင်းသိမှာ ဖြစ်သလို ဒီဇိုင်းပိုင်းကို မြင်တာနဲ့ ဆွဲဆောင်မှုရှိရှိနဲ့ လူတိုင်းလိုက်ကြည့်ရမယ့် ပုံစံမျိုးဖြစ်နေမှာပါ။ ဒီတော့ ကျွန်တော်က S60 ရဲ့ ဒီဇိုင်းပိုင်းကိုပဲ ထူးပြီးညွှန်းနေတော့ ကျန်တဲ့ အချက်တွေမှာရော ဘယ်လောက်ထိအောင် အရည်
အသွေးရှိတယ်ဆိုတာ သိချင်လာလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါကြောင့် ကျွန်တော်က S60 အကြောင်းကို ဆက်ပြောချင်ပါတယ်။

Highlights of S60

သိသာအောင်ပြောရမယ့်အချက်က ခရီးသည်ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မယ့် ဆီဒင်အမျိုးအစား မော်ဒယ်ဖြစ်တယ်။ အာမခံ အပိုင်းမှာ ၄ နှစ်၊ မိုင် ၅၀၀၀၀ ထိအောင် ပေးထားတာတွေ့ ရတယ်။ Bluetooth နဲ့ Heated Seat လို အခြေခံ Feature တွေ သုံးနိုင်မယ်၊ နောက်ပြီးတော့ အင်ဂျင်ပိုင်းမှာ ထူးထူးခြားခြားနဲ့ ထုတ်လုပ်မှုနည်းတဲ့ ငါးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားတာတွေ့ ရတယ်။  နောက်ပြီးတော့  အရှိန်မြင့်မြင့်မောင်းနှင်ဖို့ထက် ရုန်းအားကောင်းမယ့် ရှေ့ ဘီးယက်စနစ်နဲ့ ထုတ်လုပ်ထားတာတွေ့ ရတယ်။ Shiftable Automatic စနစ်နဲ့ ဂီယာချက် ၆ ချက် သုံးနိုင်အောင် တည်ဆောက်ထားတယ်။ ဆီစားနှုန်းအပိုင်းမှာ ပျမ်းမျှဆီတစ်ဂါလံကို ၂၅ မိုင်ထိအောင် စီးနင်းနိုင်တယ်။ ကဲ..ဒါတွေက S60 ရဲ့  Highlights တွေပါ။

Pros of S60

အားသာချက် အပိုင်းမှာတော့ Turbocharged အင်ဂျင်စနစ်နဲ့ တပ်ဆင်ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေက အင်ဂျင်ပိုင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တာ တွေ့ နိုင်ပြီးတော့ အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာပါ
ပိုမိုစွမ်းဆောင်နိုင်တာ တွေ့ ရပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ထည်ပိုင်း မာကျောကောင်းမွန်မှုဖြစ်ပြီးတော့ Crash Test အပိုင်းမှာ အမြင့်ဆုံး ရမှတ်တန်းဝင် မော်ဒယ်အဖြစ် သတ်မှတ်ခံ ထားရပါ တယ်။ နောက်ပြီးတော့ S60 က လမ်းကြောင်းမောင်း SUV တွေမှာ သုံးထားတဲ့ Handling စနစ်တွေအတိုင်း ဖန်တီးထားတာကြောင့် အခုလို City အတွက် ထုတ်လုပ်ထားတဲ့မော်ဒယ်မှာ မောင်းနှင်ရမှုရော၊ ထိန်းချုပ်သွားလာရမှုရော ကောင်းမွန်ပါတယ်။ နောက်ဆုံးပြောရမယ့် အချက်ကတော့ ရှေ့ ဘက်ထိုင်ခုံ အပိုင်းဖြစ်ပြီးတော့ ထိုင်ခုံ ဒီဇိုင်းပိုင်းမှာရော၊ အတွင်းခန်း ကျယ်ဝန်းမှုအရရော၊ နောက်ဆုံး အသုံးပြု တည်ဆောက်ထားတဲ့ ကုန်ကြမ်းအရပါ ရှေ့ဘက်ထိုင်ခုံတန်းက သက်သောင့်သက်သာ ဖြစ်လှပါတယ်။

Cons of S60

ဒီအပိုင်းမှာတော့ အဓိက အချက်နှစ်ချက်ပဲပြောစရာရှိတာ တွေ့ နိုင်ပါတယ်။ ပထမတစ်ချက်က နောက်ဘက်ခန်း အပိုင်းဖြစ်ပြီးတော့ ထိုင်ခုံပိုင်း တည်ဆောက်ပုံ အနည်းငယ် အားနည်းတာ တွေ့နိုင်သလို ပုံမှန်ရှိ
သင့်တဲ့ အတွင်းခန်းထက်လည်း ကျဉ်းမြောင်းတာကြောင့် ခရီးဝေးစီးနင်းမှုတွေအတွက် စဉ်းစားစရာ ဖြစ်စေပါတယ်။ နောက်ထပ်ပြောရမယ့် တစ်ချက်ကတော့ Control တွေဖြစ်ပြီးတော့ အချို့သော Control တွေ
က ခေတ်ကျန်နေခဲ့သလိုမျိုး ဖြစ်နေတာကြောင့်  အသုံးပြုရမှု အဆင်မပြေချင်ပါဘူး။ နောက်ပြီး လျှပ်စစ်စနစ်သုံး Control တွေကလည်း အခြား ဈေးကွက်ပြိုင်ဘက်ဖြစ်မယ့် မော်ဒယ်တွေထက်စာရင် Version နည်း
နည်း နိမ့်ချင်ပါတယ်။

Body of S60

အရွယ်အလတ်တန်းစား အနေတော် ဆီဒင်တန်းဝင်မော်ဒယ်ဖြစ်ပြီးတော့ လမ်းကျပ်တဲ့မြို့တွင်းလို လမ်းကြောင်းတွေအတွက်တော့ အဆင်ပြေစေမှာအမှန်ပါ။ အလျား ၁၅ ပေနဲ့ ၂ လက်မကို နှစ်စိတ်စွန်းမှာ ဖြစ်
သလို မျက်နှာစာအကျယ်က ၆ ပေနဲ့ ၁ လက်မခွဲကို တစ်စိတ်ပဲ လျော့ပါတယ်။ ကားရဲ့ အမြင့်အပိုင်းမှာက ၄ ပေနဲ့ ၁၀ လက်မခွဲကို တစ်စိတ်လျော့မှာဖြစ်လို့ ကိုယ်ထည်ဒီဇိုင်းကို Sport ဆန်အောင် ချိုးဆစ်ထား
တယ်ဆိုတာတော့ သိသာနေပါတယ်။ ဒါပေမဲ့ Volvo က S60 ကို Luxury တန်းဝင်အောင် ဆိုတာထက် လမ်းစုံစီးနင်းနိုင်အောင် ဖန်တီးထားတာမို့ Ground Clearance က ၅ လက်မ ကျော်ကျော်ရှိမှာပါ။ အတွင်း
ခန်း အကျယ်အ၀န်းအပိုင်းမှာက ရှေ့ ဘက်ခန်း ၅၇ လက်မနဲ့ နောက်ဘက်ခန်းက ၅၅ လက်မ စွန်းတယ်ဆိုရုံပဲရှိမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးရဲ့ ၀န်ရုန်းကန်နိုင်မှုက ပေါင် ၁၃၀၀ ၀န်းကျင်ထိအောင် ရှိမှာဖြစ်ပြီးတော့ ကားရဲ့ အလေးချိန်ကတော့ ပေါင် ၃၅၂၈ ပေါင်ရှိမှာ ဖြစ်ပါတယ်။

Engine of S60

အင်ဂျင်အပိုင်းမှာတော့ S60 က ၂.၅ လီတာသုံး ပုံမှန်ငါးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ ရပြီးတော့ တကယ်တမ်းဆို ၂.၅ လီတာသုံးအနေနဲ့ အကြီးစားလေးလုံးထိုး အင်ဂျင်ကို သုံးနိုင်ပေမယ့် Volvo က
တော့ ပုံမှန်ပြေးနှုန်းထက် ရုန်းအားကောင်းအောင် ငါးလုံးထိုး သုံးပုံရပါတယ်။ ဒါကြောင့်လည်း အင်ဂျင်ရဲ့ ရုန်းအားက ၂၆၆ ပေ-ပေါင်ဖြစ်နေချိန်မှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၂၅၀ ကောင်အားပဲ
ရှိတာတွေ့ နိုင်ပါတယ်။ အင်ဂျင်ရဲ့ တစ်မိနစ်အမြန်ဆုံးလည်ပတ်အားက အပတ်ရေ ၅၅၀၀ ပဲဖြစ်လို့ ဆီစားနှုန်းအပိုင်းမှာ သင့်တော်တာ ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာက တစ်နာရီ ကီလိုတစ်ရာနှုန်းကို အချိန် ၇ စက္ကန့် ၀န်းကျင်ယူမှာဖြစ်လို့ ပုံမှန်မော်ဒယ်တွေထက်စာရင် အနည်းငယ်နှေးတယ်လို့ ဆိုနိုင်မှာဖြစ်ပေမယ့် ရှေ့ ဘီးယက်စနစ် မော်ဒယ်အတွက်တော့ မဆိုးလှပါဘူး။

Fuel of S60

Transmission အပိုင်းမှာက Shiftable Automatic စနစ်နဲ့ ဖြစ်တာကြောင့် ပုံမှန်ထက်စာရင် ဆီစားနှုန်း နည်းနည်းများနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်တော့လည်း အမျိုးသမီးတွေကအစ အလွယ်တကူ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ ရှေ့ ဘီးယက်စနစ်နဲ့ ဖြစ်တာကြောင့် Drive အပိုင်းမှာ ဆီချွေတာနိုင်မှာ ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ လည်ပတ်နှုန်းလည်း နည်းတာကြောင့် ဆီတစ်ဂါလံကို ပျမ်းမျှ ၂၅ မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ City လမ်းကြောင်းအတွက်ဆိုရင် ဆီတစ်ဂါလံကို ၂၁ မိုင်နှုန်းနဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် မိုင် ၃၀ ထိအောင် စီးနင်းနိုင်မှာဖြစ်သလို S60 မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၇.၈ ဂါလံထိအောင် ဖြစ်တာမို့ Compact တန်းဝင် မော်ဒယ်အတွက်တော့ အနည်းငယ်သေးမယ်လို့ ဆိုနိုင်မယ့် တိုင်ကီအရွယ် ဖြစ်ပါတယ်။