The Interview ရုပ်ရှင်ကားကို တရားမဝင် download ပြုလုပ်မှု အရေအတွက် ၂၀၀,၀၀၀ အထိရှိလာ

10891814_10152594667187825_6077491375132617236_n.jpg

အမေရိကန်နိုင်ငံတွင် The Interview ရုပ်ရှင်တရားဝင် ထွက်ရှိပြီး တစ်နာရီခန့်အကြာတွင် torrent ဆိုက်များ၌ ၎င်းရုပ်ရှင် ထွက်ပေါ်လာပြီးနောက် လူပေါင်း ၂၀၀,၀၀၀ ခန့်က download ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် Pirate Bay ဆိုက်တွင်လည်း The Interview ရုပ်ရှင်ကို download ပြုလုပ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က The Interview ရုပ်ရှင်ကားကို အမေရိကန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသခဲ့ပါက အကြမ်းဖက် တိုက်ခိုက်သွားမည်ဆိုသည့် ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် Sony Pictures သည် အဆိုပါ ရုပ်ရှင်ကားကို အားလပ်ရက်အတွင်း ပရိသတ်များထံ ပြသရန် အွန်လိုင်း platform များတွင် တင်ခဲ့ပြီး The Interview ရုပ်ရှင်ကားကို YouTube, Google Play နှင့် Xbox Live တို့တွင် ပြသနိုင်ရန် ဆောင်ရွက်ခဲ့သည်။ Sony နှင့် Google တို့က ဟက်ကာအဖွဲ့များသည် လွတ်လပ်စွာပြောဆိုခွင့်ကို မပိတ်ပင်နိုင်ကြောင်း၊ ပြဿနာများကို ဆွေးနွေးခဲ့ပြီးနောက် အခြားနိုင်ငံ၏ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်သည့် ဟက်ကာများ၏ ခြိမ်းခြောက်မှုများအတွက် ခွင့်ပြုချက်ပေးကာ ဘေးထွက်ထိုင်၍ ကြည့်ရူမနေရန် Sony နှင့် Google တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း Google တရားဥပဒေဆိုင်ရာ အကြီးအကဲဒေးဗစ်ဒရမ်မွန်က မှတ်ချက်ပြုပြောဆိုခဲ့သည်။

ယခုအခါတွင် The Interview ဇာတ်ကားကို အမေရိကန်နိုင်ငံတွင်သာ တရားဝင် ကြည့်ရူနိုင်သေးပြီး အမေရိကန်နိုင်ငံ ပြင်ပတွင် ၎င်းဇာတ်ကားကို ကြည့်ရူနိုင်ရန် ရက်သတ္တပတ် သို့မဟုတ် လပေါင်းများစွာ စောင့်ဆိုင်းရဖွယ် ရှိနေသည်။

Ref: TorrentFreak