Tank Battle

screen520x924.jpeg

Tank Battle ဂိမ်းသည် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်ကို အခြေခံပြီး အင်္ဂလန်စစ်တပ်နှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်း၍ ဂျာမန်တပ်များကို အာဖရိကမြောက်ပိုင်းတွင် တိုက်ခိုက်သည့်ဂိမ်း ဖြစ်သည်။ တင့်ကားတပ်များဖြင့် တိုက်ခိုက်ရမည့် Strategy Game အမျိုးအစားတစ်ခု ဖြစ်သည်။ iOS အသုံးပြုထားသည့် Device များတွင် ထည့်သွင်းဆော့ကစားနိုင်မည့် ဂိမ်းလည်းဖြစ်သည်။

အဆိုပါဂိမ်းကို ဆော့ကစားခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ရယူဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ iOS Version 5.1.1 နှင့်အထက်တွင် ဆော့ကစားနိုင်မည့် ဂိမ်းဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။