Apple Device များတွင် ဓာတ်ပုံများအတွက် FrameMagic ဆော့ဖ်ဝဲအား အသုံးပြုခြင်း

Apple Device အသုံးပြုသူ တွေအတွက် ကိုယ့်ရဲ့ Device ထဲမှာ ဓာတ်ပုံတွေကို ပုံစံမျိုးစုံရှိတဲ့ ဖရိန်တွေထဲမှာ ထည့်သွင်းနိုင်မယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ အမည်ကတော့ FrameMagic ပါ။ ဒီဆော့ဖ်ဝဲကိုတော့ Apple Store ပေါ်မှာ အခမဲ့ရယူအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဆော့ဖ်ဝဲထဲကနေ နောက်ထပ် ထပ်မံအသုံးပြုလိုတဲ့ အရာတွေကိုတော့ ဝယ်ယူအသုံးပြု ရမှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။

Photo Collage နဲ့ Video Collage ဆိုတာကို မြင်တွေ့ရ ပါလိမ့်မယ်။ ဓာတ်ပုံတွေအပြင် ဗီဒီယိုဖိုင်တွေကိုပါ ကိုယ့်စိတ်ကြိုက် ဖရိန်မြင်ကွင်းတွေနဲ့ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ ဓာတ်ပုံအတွက် အရင်ဆုံးစမ်းသပ် ကြည့်ကြပါတယ်။ Photo Collage ကို ရွေးချယ်လိုက်ပါ။

Photo Collage ထဲမှာ မြင်တွေ့ရတဲ့ အောက်ခြေ ဘားတန်းထဲမှာ အသုံးပြုနိုင်မယ့် စနစ် ၅ ခု ရှိနေတာ တွေ့ရပါလိမ့်မယ်။

ပထမဆုံး စနစ်ဖြစ်တဲ့ Layout ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒီနေရာမှာ ဓာတ်ပုံတွေကို ထည့်သွင်းဖို့အတွက် Layout ပုံစံတွေကို အများအပြား မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် Layout ပုံစံတွေကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။ Layout ပုံစံကိုရွေးချယ်ပြီးပြီ ဆိုရင်တော့ ဓာတ်ပုံစတင် ထည့်သွင်းလိုတဲ့ နေရာကိုလက်နဲ့ ထောက်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ထည့်သွင်းမယ့် ဓာတ်ပုံတွေကို ဘယ်နေရာက နေရယူအသုံးပြုမယ်ဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ရိုက်ပြီးသား ဓာတ်ပုံတွေကို ကိုယ့်ရဲ့ Device ထဲကနေယူပြီး အသုံးပြုမယ် ဆိုရင်လည်း ဓာတ်ပုံစနစ် တွေထဲကို သွားနိုင်ပြီး ချက်ချင်းဓာတ်ပုံရိုက်ပြီး ထည့်မယ်ဆိုရင်လည်း ကင်မရာပုံလေးကို နှိပ်လိုက်ရင် ရပါတယ်။

ကိုယ့်စိတ်ကြိုက် ပုံတွေကိုရွေးချယ် ပြီးသွားပြီဆိုရင်တော့ Done ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ရွေးချယ်ထားတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရတာတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ဘက် ဘားတန်းထဲမှာ ရှိနေတဲ့ Shape ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ Shape ကိုနှိပ်လိုက်ရင်တော့ ခုလိုမြင်ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ရွေးချယ်ထားတဲ့ Layout ရဲ့ ပုံစံကိုထပ်မံ ပြုပြင်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာ အသုံးပြုနိုင်မယ့် စနစ်တွေက တော်တော်လေး များပြားနေပါတယ်။ ဒါကြောင့် ယခုပြသမယ့် ပုံမှာ အမှတ်စဉ်အလိုက် နံပါတ်လေးတွေကို ဖော်ပြပေးပါမယ်။

နံပါတ် ၁ ကတော့ ဓာတ်ပုံတွေကို အထက်အောက် နဲ့ ဘေးဘယ်ညာ ချုံ့ချဲ့ပြုလုပ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။

နံပါတ် ၂ ကတော့ ဓာတ်ပုံဖရိန်ရဲ့ အနားသတ်ပုံစံတွေကို စိတ်ကြိုက်ပြုပြင်နိုင်တဲ့ နေရာဖြစ်ပါတယ်။

နံပါတ် ၃ စနစ်ဖြစ်တဲ့ Corner ကတော့ ပုံတစ်ခုနဲ့ တစ်ခုကြားမှာ ပိုင်းဖြတ်ထားတဲ့ မျဉ်းကြောင်းတွေရဲ့ ထောင့်အနားတွေကို လေးထောင့် ဒါမှမဟုတ် အဝိုက်ပုံစံမျိုး စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့နေရာ ဖြစ်ပါတယ်။

နံပါတ် ၄ စနစ်ဖြစ်တဲ့ Margin ဆိုတဲ့ စနစ်ကတော့ ဓာတ်ပုံတစ်ခုနဲ့ တစ်ခုကြားမှာ ပိုင်းဖြတ်ထားတဲ့ မျဉ်းကြောင်းတွေရဲ့ အကွာအဝေးကို ချိန်ညှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါကိုလည်း ဘားတန်းထဲမှာ စိတ်ကြိုက်ချိန်ညှိ အသုံးပြုနိုင်ပါတယ်။

နံပါတ် ၅ ဖြစ်တဲ့ Border ဆိုတဲ့ စနစ်ကတော့ ဓာတ်ပုံရဲ့ အနားသတ် မျဉ်းကြောင်းတွေရဲ့အထူအပါးကို ချိန်ညှိနိုင်တဲ့ နေရာဖြစ်ပါတယ်။

နံပါတ် ၆ စနစ်ကတော့ ဓာတ်ပုံရဲ့အနားသတ် မျဉ်းကြောင်းတွေကို ရွေးချယ်အသုံးပြု နိုင်တဲ့နေရာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေ ပြီးရင်တော့ Back ခလုတ်ကို နှိပ်ပြီးပြန်ထွက် လာနိုင်ပါတယ်။

Color ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ပြုလုပ်ထားတဲ့ ဓာတ်ပုံဖရိန်ရဲ့ နောက်ခံအရောင်ကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ Background, Border, Shadow ဆိုပြီး စနစ်သုံးမျိုး ရှိနေပါတယ်။ Background ကတော့ နောက်ခံအရောင်ပါ။ Border ဆိုတာကတော့ ဓာတ်ပုံရဲ့ အနားသတ်မျဉ်းတွေရဲ့ အရောင်ကို ပြောင်းလဲနိုင်တဲ့ နေရာဖြစ်ပါတယ်။ Shadow ဆိုတာကတော့ နောက်ခံအရိပ်လို အရောင်တွေကို ထည့်သွင်းနိုင်တဲ့ နေရာဖြစ်ပါတယ်။

Pattern ဆိုတဲ့ နေရာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ဓာတ်ပုံရဲ့နောက်ခံကို အရောင်တွေ မသုံးဘဲ ဒီဇိုင်းပုံလေးတွေကို အသုံးပြုနိုင်တဲ့ နေရာ ဖြစ်ပါတယ်။

နောက်ဆုံး စနစ်တစ်ခုဖြစ်တဲ့ Text ဆိုတဲ့ စနစ်ကတော့ ဓာတ်ပုံပေါ်မှာ စတစ်ကာ ဒါမှမဟုတ် ကိုယ်ရေးသားချင်တဲ့ စာသားတွေကို ထည့်သွင်းရေးသား နိုင်မယ့်နေရာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်တွေ အားလုံးပြီးစီးပြီ ဆိုရင်တော့ ညာဘက်အပေါ် ထောင့်နားမှာရှိနေတဲ့ Export ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ကပုံကို Resolution ဘယ်လောက်နဲ့ Save လုပ်မလဲ ဆိုတာကို ရွေးချယ် နိုင်တဲ့နေရာ ဖြစ်ပါတယ်။ ကိုယ့် စိတ်ကြိုက် Pixel Resolution ကို ရွေးချယ်ပေးလိုက် Loading ပြုလုပ်ပေးပြီး Save လုပ်နိုင်မယ့် စနစ်ကို ဖော်ပြပေးပါ လိမ့်မယ်။ Device ထဲမှာ Save လုပ်နိုင်သလို မေးလ်ထဲကို ပို့တာမျိုး Print ထုတ်တာ အစရှိတဲ့ ကိုယ်အသုံးပြုချင်တဲ့ ပုံစံ

တွေကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။