Ford မှ Fiesta, Focus နှင့် EcoSport ကားများ မိတ်ဆက်

IMG_0975-.jpg

အမေရိကန် အခြေစိုက် နာမည်ကြီး ကားထုတ်လုပ်ရေးကုမ္ပဏီ Ford Motor Company နှင့်  ပြည်တွင်း အကျိုးတူပူးပေါင်းသည့် လုပ်ဖော်ကိုင်ဖက်ဖြစ်သော Capital Automotive တို့မှ ကမ္ဘာ့ရောင်းအား အကောင်းဆုံး Ford အမှတ်တံဆိပ် Fiesta, Focus နှင့် EcSport ကားများကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။

မြန်မာနိုင်ငံနှင့် စတင်မိတ်ဆက်သည့်  Fiesta,Focus နှင့် EcSport ကားသုံးမျိုးတွင် Fiesta မှာ ဆီစားအသက်သာဆုံး၊ စွမ်းရည်အမြင့်ဆုံး နှင့်ထူးခြား ဆန်းသစ်ဆုံးကားအမျိုးအစားဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တံခါး လေးပေါက် (သို့) တံခါးငါးပေါက် ပုံစံများဖြင့် ရရှိနိုင်မည်ဖြစ်သည်။ နောက်ထပ် မော်ဒယ်တစ်မျိုး ဖြစ်သည့် Focus မှာ လှပသော အသွင်အပြင်၊ တက်ကြွ လန်းဆန်းသော ဒီဇိုင်းနှင့် အကောင်းဆုံး နည်းပညာများကို အသုံးပြု ထုတ်လုပ်ထားသော ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားအမျိုးအစား ဖြစ်သည်။ ရန်ကုန်မြို့တွင်း မောင်းနှင်သည့်အခါ အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းနိုင်မည့် Focus ၏ နောက်ထပ် အားသာချက်ဖြစ်သော Ecomode မှာ မောင်းနှင်သူများကို ၎င်းတို့၏ ယာဉ်မောင်းနှင်သည့် အမူအကျင့် များကြောင့် လောင်စာဆီ မည်မျှကုန်နိုင်သည်၊

မည်မျှ ချွေတာနိုင်သည်ကို သိရှိနိုင်စေရန် စဉ်ဆက်မပြတ်ခန့်မှန်း တွက်ချက်ပေးနိုင်မည် ဖြစ်သည်။  Ford Focus ကားများတွင် အသက် အန္တရာယ်လုံခြုံရေး အတွက်လည်း Emergency Brake Assist တပ်ဆင်ထားပြီး အရေးပေါ်အခြေအနေများတွင် ဘရိတ်ဖိအားကို အမြင့်ဆုံးမြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့အပြင် Ford ၏ လျှပ်စီး လှိုင်းတည်ငြိမ်အောင် ထိန်းချုပ် ပေးနိုင်သောစနစ်၊ အလွယ်တကူ သော့ချိုးဖျက်နိုင်သောစနစ် Antilock Braking System (ABS) တို့လည်း ပေါင်းစပ် ပါဝင်သည်။ မိုးရွာမည့် လက္ခဏာကို ကြိုတင်သိ ရှိနိုင်ပြီး အလိုအလျောက်အလုပ် လုပ်သော wiper များကိုလည်း Ford Focus ကားငယ်များတွင် တပ်ဆင်ထားသည်။

နောက်ဆုံးကား အမျိုးအစား ဖြစ်သည့် EcoSport မှာ မြို့ပြတွင် အသုံးပြုသော SUV ကား အမျိုး အစား တစ်ခုဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်တွင်ရှိသော လမ်းမများ အတွက် အထူးသင့်တော်ကြောင်း သိရသည်။ မြို့ပြနှင့် အထူးသင့်တော်သည့် ကားဖြစ်သည့်အပြင် SYNC နှင့် ကားတွင်းအသံနှင့် ထိန်းချုပ် ဆက်သွယ်ထားသောစနစ် စသည့် အဆင့်မြင့်နည်းပညာများကို အသုံးပြု ထားခြင်းကြောင့်လည်း မောင်းနှင်သူများအနေဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် ကားတွင်းဖျော် ဖြေရေးစနစ်များကို အသံဖြင့် ထိန်းချုပ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကားသော့မလိုဘဲ ကားအတွင်းသို့ ဝင်ရောက်နိုင်သည့် Smart Keyless Entry စနစ်ပါဝင်သည့်အတွက် ကား သော့အတွက် စိတ်ပူစရာမလိုဘဲ ကားစက်ကို အလွယ်တကူ ဖွင့်နိုင်၊ နှိုးနိုင်မည် ဖြစ်သည်။ အိတ်ကပ်၊ လွယ်အိတ်ထဲတွင် သော့ကို ထည့်ထားခြင်းဖြင့် ကားတံခါးလက်ကိုင်ကို အလွယ်တကူ ဆွဲကိုင်ကာ တံခါးများကို အလိုအလျောက်ဖွင့်နိုင် မည် ဖြစ်သည်။ ကားထဲတွင် ထိုင်ပြီးသည်နှင့် Ford Power Start ခလုတ်ကို နှိပ်ကာ ကားကို စတင်မောင်းနှင်နိုင်ပြီ ဖြစ်သည်။ EcoSport ကားငယ်များတွင် မြင့်မားသော လုံခြုံရေးစနစ်ပါရှိ ပြီး side airbags များ၊ အလွယ်တကူ သော့ချိုး ဖျက်နိုင်သော စနစ် Anti-lock Braking System (ABS) တို့အပြင် လျှပ်စီးလှိုင်း တည်ငြိမ်အောင် ထိန်းချုပ် ပေးနိုင်သော စနစ်များလည်း ပါရှိသည်။ ထို့အပြင် မောင်းနှင်သူများအား အကူအညီ အထောက်အပံ့ပေးနိုင် သည့် Hill Launch Assist စနစ် ကိုလည်း ထည့်သွင်းပေးထားသည်။

ယခု စတင်မိတ်ဆက်လိုက်သော မော်တော်ယာဉ်များကို အနက်၊ အဖြူ၊ အပြာ၊ အနီ၊ အညို၊ နက်ပြာ၊ ငွေရောင်နှင့် စိမ်းဝါရောင်စသည့် အရောင် အမျိုးမျိုးဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၅၂၁၉၅၉ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။