ZipGenius Standard Edition

ZipGenius.jpg

ZipGenius Standard Edition ဆိုတဲ့ ဆော့ဖ်ဝဲဟာ ဖိုင်တွေကို Compress, Extract ပြုလုပ်နိုင်တဲ့ File Compression ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ ZipGenius မှာ ကိုယ်ပိုင် Zip File ပြုလုပ်နိုင်တဲ့ Extension တစ်ခုပါဝင်မှာ ဖြစ်ပြီး၊ အခြားသော Compress ပြုလုပ်နိုင်တဲ့ File Format များစွာကိုလည်း အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ZipGenius Standard မှာ Compression ပြုလုပ်တဲ့အခါ လိုအပ်တဲ့ Tools တွေ Feature တွေ အပြည့်အစုံပါဝင်မှာဖြစ်ပြီး၊ File တွေကို  လုံခြုံစေဖို့အတွက် Encoding နှင့် Decoding စနစ်တွေ ကိုလည်း ထပ်ပေါင်း ထည့်သွင်း ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Pocket PC များအတွက်လည်း ဖိုင်တွေကို Drag and Drop ပြုလုပ်နိုင်ဖို့ အတွက် အထောက် အပံ့ ပေးထားမှာဖြစ်ပါတယ်။ Standard Edition အတွက်ကတော့ FTP Client ကို ထည့်သွင်းပေးထားမှာ မဟုတ်ပါဘူး။

ZipGenius ကို Add-on အဖြစ် Download ပြုလုပ်နိုင်မှာဖြစ်သလို၊ Suite Edition Package ကိုလည်း Download ပြုလုပ်ပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဆော့ဖ်ဝဲကို အသုံးပြုသူတွေ အလွယ် တကူနဲ့ အသုံးပြုတတ်စေဖို့ အတွက် အရောင်စုံ Icon တွေနဲ့ဖော်ပြပေးထားပါတယ်။  ဆော့ဖ်ဝဲရဲ့ သွင်ပြင်ကို ရိုးရှင်းတဲ့ပုံစံနဲ့ ဖွဲ့စည်းထားသလို အသုံးပြုသူတွေ အလွယ်တကူနဲ့ အသုံးပြုတတ်စေ ဖို့အတွက် ဖော်ပြပေးထားပါတယ်။

အဆိုပါ ဆော့ဖ်ဝဲကို ZipGenius Team က ထုတ်ဝေဖြန့်ချိပြီး၊ ၂၀၁၄ သြဂုတ်လ ၂၆ ရက်နေ့က စတင် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Windows 2000 ကနေ Windows 8 အထိ အသုံးပြုနိုင် မှာ ဖြစ်ပြီး၊ Windows Server 2008 မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကလည်း 8.58 MB ခန့်သာ ရှိမှာ ဖြစ်ပါတယ်။