Hyundai Motor Myanmar Showroom မှ Korea Expo 2014 တွင်အထူးအစီအစဉ် များဖြင့် ပါဝင်ပြသမည်

Hyundai Motor Myanmar Showroom မှ  ဒီဇင်ဘာ ၂၅ ရက် မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည့် ကိုရီးယားကုန်စည်ပြပွဲ (Korea Expo 2014) တွင် အထူး အစီအစဉ်များဖြင့် ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ရောင်းအားအကောင်းဆုံး မော်ဒယ်ခြောက်မျိုးဖြစ်သည့် SantaFe, Azera, Sonata, Elantra, i-30 နှင့် H-100 (Light Truck) တို့ကို ပြပွဲအတွင်း အရစ်ကျဝယ်ယူပါက အတိုးနှုန်း လုံးဝ မယူဘဲ ရောင်းချ ပေးသွားမည်ဖြစ်ပြီး လက်ငင်း ဝယ်ယူမည်ဆိုပါက အထူး Discount များပေးအပ်သွားမည်ဟု သိရသည်။

ထို့အပြင် Brand New Hyu-ndai ကားများကို မိဘပြည်သူများလက်တွေ့စမ်းသပ် မောင်းနှင်နိုင်ရန် ပြပွဲတွင် Elantra နှင့် i-30 မော်ဒယ်နှစ်မျိုးကို Test Drive မောင်းနှင်ခွင့် ပေးထားမည်ဖြစ်ပြီး  ယာဉ်မောင်း လိုင်စင် ရှိသူတိုင်း လာရောက် စမ်းသပ် မောင်းနှင်နိုင်မည် ဖြစ်သည်။ Test Drive အစီအစဉ် အတွက် ကြိုတင် စာရင်းသွင်းလိုပါက Test Drive Hotline ၀၉-၂၅၂၁၈၃၁၁၃ သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင်ပြပွဲကာလ အတွင်း လာရောက် လေ့လာသူ အားလုံးအတွက်လည်း Hyundai မှ နှစ်သစ်ကူး အထူးလက်ဆောင်များ စီစဉ် ထားရှိပေးထားမည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ (၂) ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် ဖုန်း ၀၉ ၄၂၁၀၀ ၂၀၅၁၊ ၀၁ ၆၅၃၂၇၁ နှင့် ၆၅၃ ၂၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။