7dayzay.com မှ ကွန်ပျူတာ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို အထူလျှော့စျေးများဖြင့် ရောင်းချ

7dayzay.com မှ ဝယ်ယူအားပေးသူတွေ အတွက် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ကွန်ပျူတာ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း များ အစရှိတာတွေကို အထူလျှော့စျေးတွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အထူးလျှော့စျေးတွေနဲ့ ရောင်းချမယ့် ပစ္စည်းတွေကတော့ ကျောင်းသုံး၊ ရုံးသုံးအတွက် အဆင်ပြေစေမယ့် laptop တွေ ၊အိမ်သန့်ရှင်းရာမှာ အထောက်အကူပြုမယ့်ဖုန်စုပ်စက်တွေ၊ သက်သောင့်သက်သာရှိတဲ့ Ergonic Design ,Carbon Fibre Design နဲ့ Gamer တွေနဲ့ ရုံးသမားတွေ အဆင်ပြေမယ့် ထိုင်ခုံတွေကို လျှော့ဈေးတွေ Discount တွေနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Laptop ပရိုမိုးရှင်းအနေနဲ့ Jumper EZBook laptop နဲ့ နာမည်ကျော်လူကြိုက်များတဲ့ Dell Latitude notebook တွေကို ဝယ်ယူမယ်ဆိုရင် မေလကုန်အထိ $10 cash back ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ Warranty ကိုလည်း ၁ နှစ်အာမခံမဟုတ်ဘဲ အာမခံ ၃ နှစ်အထိ ပေးထားပါတယ်။ အိမ်သုံးလျှပ်စစ်ပစ္စည်းထဲမှာတော့ အိမ်ရှင်မတွေအတွက် အသုံးဝင်မယ့် MINIHELPERS SGP8 Trojan(Wireless Vacuum Cleaner) ကို ယခင်ဈေး ၂၅၀,၀၀၀ ကျပ်မှ အထူးလျှော့ဈေး ၁၈၇ ,၅၀၀ ကျပ် ၊ 25% discount နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။ MINIHELPERS SUZUKA Robotic Vacuum Cleaner ကိုလည်း ယခင်ဈေးနှုန်း ၄၅၀,၀၀၀ ကျပ်မှ အထူးလျှော့ဈေး ၃၃၇,၅၀၀ ကျပ် 25% discount နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Gamer သမားတွေရော ရုံးသမားတွေအတွက်ပါ သင့်တော်မယ့် Ergonic Design ,Carbon Fibre Design ဖြစ်တဲ့ APOL Gaming Chair (Karaken) နဲ့ APOL Gaming Chair (Behemoth) Gaming Chair တွေကိုတော့ ယခင်ဈေးနှုန်း ၆၅၀,၀၀၀ ကျပ်မှ အထူးလျှော့ဈေး ၆၃၀,၀၀၀ ကျပ်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Promotion တွေ Discount တွေအပြင် 7Day News Digital Subscription (၁) လစာကိုလည်း လက်ဆောင်အဖြစ် ထပ်ပေးသွားမှာဖြစ်သလို မှာယူမယ့်ပစ္စည်းတွေကိုလည်း delivery ခ လုံးဝမယူဘဲနဲ့ ဝန်ဆောင်မှုအခမဲ့ဖြင့် ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မှ ဝယ်ယူသူတွေအနေနဲ့ Cash On Delivery အိမ်ရောက်မှငွေချေနိုင်ပြီး Laptop မှာယူတဲ့ သူတွေအနေနဲ့ကတော့ ငွေကြိုတင်လွှဲပေးရပါမယ်လို့ သိရပါတယ်။ နယ်မှ ဝယ်ယူသူတွေ ကိုတော့ ကားဂိတ် သို့မဟုတ် စာတိုက်ကနေ ပေးပို့သွားမယ်လို့ သိရပါတယ်။

-အောင်သူ