7Day News ၏ Viber Sticker များ စတင်အသုံးပြုနိုင်

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

Viber သုံးတဲ့သူတွေအတွက် 7 Day News ရဲ့ Sticker တွေ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

7Day News ရဲ့ Official Sticker Pack တွေကို စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး အဲဒီ Sticker တွေကို အသုံးပြုပြီး စာတွေပုံတွေ သတင်းတွေကို မျှဝေနိုင်ပြီဖြစ်ပါတယ်။ သတင်းနဲ့ပတ်သက်တဲ့ Sticker တွေ အပါအဝင်နေ့စဉ်ဘဝမှာ လှုပ်ရှားနေတဲ့ အကြောင်းအရာတွေကို Sticker ပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ Download ရယူနိုင်ပြီဖြစ်ပါတယ်။ Viber Application ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၁ ဘီလီယံကျော်ရှိပြီး တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း၊ Video ခေါ်ဆိုမှုတွေပြုလုပ်ခြင်း၊ အဖွဲ့လိုက် Message တွေပေးပို့ခြင်း၊ ကုန်အမှတ်တံဆိပ်၊ အနုပညာ ရှင်တွေနဲ့စကားပြောဆိုခြင်း အစရှိတာတွေလုပ် ဆောင်နိုင်မှာဖြစ်ပါတယ်။

-ထွန်းထွန်း