ယူကေနိုင်ငံ Northumbria University တွင် နောက်ဆုံးနှစ် BA (Hons) International Business Management ကိုတက်ရောက်နေသော မစိမ့်လဲ့ဝင်း၏ Student L

Seint-L-Win--2.jpg

ဒီအပတ်မှာတော့ မြန်မာနိုင်ငံမှာ ဒုတိယနှစ်အထိ တက်ရောက်ပြီး ယူကေနိုင်ငံ Northumbria University မှာ နောက်ဆုံးနှစ် BA (Hons) International Business Management ကို တက်ရောက်နေတဲ့ မစိမ့်လဲ့ဝင်းရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ပညာအရည်အချင်းနဲ့ အခုလက်ရှိ တက်ရောက်နေတဲ့ အတန်း၊ ဘာသာရပ်၊ တက္ကသိုလ်ကို ပြောပြပေးပါ။

Regent Business Academy မှာ ယူကေတက္ကသိုလ်များရဲ့ ဒုတိယနှစ်ဖြစ်တဲ့ International Advanced Diploma in Business (IADB) ကို အောင်မြင်ပြီး အခု Northumbria University မှာ BA (Hons) International Business Management (နောက်ဆုံးနှစ်) ကို တက်ရောက်နေပါတယ်။

International Advanced Diploma in Business ကို ဘယ်လိုလေ့လာခဲ့ပြီး Regent Business Academy မှာ တက်ရောက်ခဲ့ရတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့သလဲ။

International Advanced Diploma in Business ကို ရရှိဖို့အတွက် Foundation ၆ လ၊ International Diploma in Business ၁ နှစ်၊ International Advanced Diploma in Business ၁ နှစ် စသဖြင့် ၂ နှစ်ခွဲ Regent Business Academy မှာ တက်ရောက်ခဲ့ပါတယ်။ Regent Business Academy (RBA) မှာက စီးပွားရေးစီမံခန့်ခွဲမှုအတွက် လိုအပ်တဲ့ ဗဟုသုတ (klowledge)၊ အရည်အချင်း (Skills Presentation & Communication, Problem Solving, Time Management, Personal Management, Entrepreneurship, Teamwork and Leadership) အစရှိတဲ့ အခြေခံကောင်းတွေကို ဖြည့်ဆည်းပေးတဲ့ ကျောင်းဖြစ်တဲ့အတွက် ကျောင်းပြီးတဲ့အခါပြည်ပမှာ သွားရောက် ပညာသင်ယူရာမှာလည်း အခက်အခဲမရှိဘဲ သင်ယူနိုင်ပါတယ်။ အခုလို Regent Business Academy က ဆရာတွေ ဖိဖိစီးစီး သင်ကြားပေးမှုကြောင့် International Diploma in Business မှာ Roll of Honour (2012) ဆုကို ရရှိခဲ့ပါတယ်။

ကျောင်းပြီးသွားရင်ရော ဘာဆက်လုပ်ဖို့ စိတ်ကူးထားသလဲ။

ကျောင်းပြီးသွားတဲ့အခါမှာ working experience ရအောင် အလုပ် တစ်နှစ်၊ နှစ်နှစ်လောက်လုပ်မယ်လို့ စိတ်ကူး ထားပါ တယ်။ Asian အတွင်းမှာပေါ့။ ပြီးတော့ Master ကို ဆက်တက်မယ်လို့ စဉ်းစားထားပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ Changes တွေ အများကြီး ဖြစ်လာတာနဲ့တစ်ပြိုင်နက် တခြားနိုင်ငံကြီးတွေရဲ့ စိတ်ဝင်စားမှုတွေ ရှိလာပါတယ်။ တစ်ချိန်တည်းမှာပဲ Foreign Direct International၊ တခြား Multinational  Companies  တွေက မြန်မာနိုင်ငံကို ဝင်လာပြီဆိုတော့ Business ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ သူတွေ အများကြီးလိုအပ်ပါတယ်။ ဒါ့ကြောင့် Business Subject ကတော့ လတ်တလော မြန်မာနိုင်ငံမှာ Hot Topic ဖြစ်နေပြီး စိတ်ဝင်စားမှုတွေ များလာတာပေါ့။

Northumbria University ကို တက်ရောက်ဖို့ ဘယ်လိုရွေးချယ်ခဲ့တာလဲ ဘာကြောင့်ရွေးချယ် ဖြစ်ခဲ့တာလဲဆိုတာကို ပြောပြပေးပါဦး။

Regent Business Academy မှာ International Advanced Diploma in Business ကို တက်ရောက်အောင်မြင်ပြီးနောက် ယူကေမှာ ကျောင်းတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ရှေ့ဆက် သွားမယ့် ပညာရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး Regent Consultancy Services Co., Ltd က အတိုင်ပင်ခံတွေနဲ့ ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ ကျောင်းရွေးချယ်ခြင်း သာမက ကျောင်းလျှောက် ထားခြင်းမှစပြီး Northumbria University ကို ရောက်ရှိချိန်အထိ အစစအရာရာကို Regent Consultancy Services Co., Lt မှ ကူညီပေးခဲ့ပါတယ်။

နိုင်ငံတကာ စီးပွားရေးဘာသာရပ်ကို တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကြံပြု စကားလေးပြောပေးပါ။

နိုင်ငံရပ်ခြားကိုသွားပြီး ပညာသင်တော့မယ်ဆိုရင် အရင်ဆုံးကတော့ ဘာသာစကား ကျွမ်းကျင်ဖို့ လိုပါတယ်။ အဓိက ကတော့ စာကြိုးစားဖို့ပါပဲ။ တစ်နေ့စာတစ်နေ့ ပြီးအောင်၊ မှန်အောင်လုပ်ရင် Business Subject က လုံးဝခက်ခဲတဲ့ ဘာသာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စာတော့များများဖတ်ဖို့ လိုပါတယ်။