OS X တွင် User Account များကို Terminal မှတစ်ဆင့် ဖယ်ရှားခြင်း

User-Account-Terminal.jpg

Mac OS X အသုံးပြုသူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် User Account များကို ဖယ်ရှားလိုတဲ့ အခါမှာပဲဖြစ်ဖြစ်၊ မိမိ Account Password မေ့သွားလို့ပဲဖြစ်ဖြစ် လက်ရှိ OS X စနစ်ထဲကို ဝင်ရောက် အသုံးပြုရန် Single User တစ်ခုတည်းထားလိုတဲ့ အခါမှာပဲဖြစ်ဖြစ် အောက်ဖော်ပြပါ နည်းလမ်းများ အတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OS X တွင် ထည့်သွင်းထားတဲ့ Password ကိုမေ့လျော့နေတဲ့ အခါမှာလည်း မိမိ Account ကို ယခင် အတိုင်း ပြန်လည် အသုံးပြုနိုင်ဖို့အတွက် Password ကို Reset ပြုလုပ်ဖို့ရန် ဖော်ပြပါ နည်းလမ်း အတိုင်း Terminal ကနေတစ်ဆင့် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Terminal ကနေ တစ်ဆင့် မေ့နေတဲ့ Account ရဲ့ Password ကို Reset ပြုလုပ်ဖို့ရာ ပထမဆုံး ကွန်ပျူတာကို Shutdown ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Mac OS X အသုံးပြုထားတဲ့ ကွန်ပျူတာကို Shutdown ပြုလုပ်ပြီးပြီဆိုရင် ၊ ကွန်ပျူတာကို ပြန်ဖွင့်ရမှာ ဖြစ်ပါတယ်။ ပါဝါပြန်ဖွင့်လိုက်ပြီး Boot တက်လာတဲ့အချိန်မှာ Command + S Key ကို တွဲနှိပ် ထားရမှာ ဖြစ်ပါတယ်။ အဆိုပါ Key ကို တွဲနှိပ်ထားလိုက်ရင် Terminal ထဲကိုရောက်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Terminal မှာ အောက်ဖော်ပြပါ Command ကို ထည့်သွင်းပေးရမှာ ဖြစ်ပါ တယ်။

အသုံးပြုရမယ့် Command တွေကတော့-

mount -uw /rm /var/db/.AppleSetupDoneshutdown -h စတာတွေဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ OS X ရဲ့ Setup Welcome Screen တက်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် ကတော့ အဆင့်လိုက်သွားပြီး Application အောက်က System Preferences ကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။ System Preferences အောက်ကမှ Users & Groups ဆိုတာ ကို ရွေးချယ် ရမှာ ဖြစ်ပြီး မေ့သွားတဲ့ အကောင့်ရဲ့ Password ကို Reset ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Password အသစ်ကိုထည့်ပေးပြီး အသုံးပြုနိုင်မှာဖြစ်သလို၊ မလိုအပ်တော့တဲ့ User Account တွေကိုလည်း ဖယ်ရှားရှင်းလင်း နိုင်မှာဖြစ်ပါတယ်။