Viber က လွှတ်တော် ကိုယ်စားလှယ်များ အတွက် အထောက်အကူ ဖြစ်သည်ဟုဆို

Viber သည် ပြည်သူလူထုနှင့် လွှတ်တော် ကိုယ်စားလှယ်များအကြား သတင်းအချက်အလက် လျင်မြန်စွာ ချိတ်ဆက်နိုင်သည့် အပြင် Viber  ပေါ်၌  ပါတီတူညီသည့် ကိုယ်စားလှယ်များ  Group  တည်ဆောက်ထားသည့် အတွက် လုပ်ငန်းကိစ္စများ အဆင်ပြေ ချောမွေ့နေသည် ဟုသိရသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် Viber အသုံးပြုသည့်အတွက် ပြည်သူလူထုမှ ပေးပို့သည့် သတင်းအချက်အလက်များကို ပုံမှန်ရရှိနေခဲ့ကြောင်း၊ Viber ၏ အကျိုးကျေးဇူးကြောင့် ကိုယ်စားလှယ်တစ်ဦး အနေဖြင့် နယ်မြေ အတွင်းရှိအဖြစ်အပျက်များကို  အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သည့်အတွက် လုပ်ကိုင် ဆောင်ရွက်ရာ၌ ထိရောက်မှုများစွာ ရှိကြောင်း ဦးလှဆွေက ဆိုသည်။

စက်တင်ဘာလအတွင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်များကို Viber တပ်ဆင်ပေးရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များကို Viber အသုံးပြုကြ ရန် ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်၌ အချို့သော လွှတ်တော်ကိုယ်စားလှယ်များသည် အသုံးမပြုသူများ ရှိနေသေးကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် Viber နှင့်အတူ လူမှုကွန်ရက်ဖြစ်သည့် facebook ကိုပါ တွဲဖက် အသုံးပြုသည့်အတွက် ပိုမိုအကျိုး သက်ရောက်မှု ရှိသည်ဟုလည်း ဦးလှဆွေက ဆိုသည်။