IT transformation

IT transformation ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ အချက်အလက်နည်းပညာ (IT) စနစ်များကို အလုံးစုံ စစ်ဆေးပြုပြင်ခြင်းကို ခေါ်ဆိုသည်။ IT transformation တွင် network architecture, hardware, software နှင့် အချက်အလက် သိမ်းဆုံးမှု၊ အသုံးပြုမှုတို့၏ အပြောင်းအလဲများ ပါဝင်သည်။ IT transformation ကို “rip and replace” ဟူ၍လည်း ရည်ညွှန်း ခေါ်ဆိုကြသည်။

ကျယ်ပြန့်သည့် စီးပွားရေးလုပ်ငန်းများတွင် IT transformation သည် လုပ်ငန်းစဉ်၊ လုပ်ငန်းစည်းကမ်းများအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။ IT transformation ၏ ရည်ရွယ်ချက်မှာ IT ဌာနအား အခြေအနေကို ထိန်းချုပ်ခြင်း၊ လုပ်ငန်းလိုအပ်ချက်များ ပြောင်းလဲခြင်းအတွက် အလျင်အမြန် တုံ့ပြန်နိုင်ခြင်းတို့ ဖြစ်သည်။