iPhone မှတင်သည့် ဓာတ်ပုံများကို အဆင့်မြှင့်တင်မှုများ Facebook ပြုလုပ်ပေးမည်

Facebook သည်မိုဘိုင်းများမှ ၎င်း၏လူမှုရေး ကွန်ရက်သို့ ဓာတ်ပုံတင်သည့်အခါ  အလိုအလျောက် ပြင်ဆင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

စမတ်ဖုန်းနှင့် app များသည် လူပေါင်းများစွာကို ဓာတ်ပုံ ဆရာများဖြစ်အောင်  အသွင်ပြောင်းလဲ ပေးခဲ့ကြသော်လည်း လူများစွာသည် ဓာတ်ပုံများကို ပြင်ဆင်ရာတွင် ကျွမ်းကျင် အဆင့်မရှိကြပေ။ ထို့ကြောင့် ယခုအခါတွင် Facebook သုံးစွဲသူများသည် iOS app ကိုအသုံးပြု၍ ဓာတ်ပုံများကို တင်သည့်အခါတွင် ၎င်းဓာတ်ပုံများကို

ရှင်းလင်းမှုရှိခြင်း၊ အလင်းနှင့် အရိပ်တို့အတွက် အလိုအလျောက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ သို့ရာတွင် ဓာတ်ပုံများအတွက် Instagram ကဲ့သို့ filter များကိုမူ တစ်ခုချင်း ရွေးချယ်ပေးမည် မဟုတ်ကြောင်း သိရသည်။ အဆိုပါ iOS အတွက် feature ကို ပြီးခဲ့သည့် အင်္ဂါနေ့က ဖြန့်ချိခဲ့ပြီး မကြာမီအချိန်တွင် Android အတွက် ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း Facebook မှထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီ အနေဖြင့် သုံးစွဲသူများ၏ မှတ်တမ်းများကို လှပစေရန်အတွက် tap အနည်းငယ်နှိပ်၍လွယ်ကူမှုရှိရန် ပြုလုပ်ချင်ကြောင်း၊ အဆိုပါ auto-enhance feature မဖြန့်ချိမီက သုံးစွဲသူများသည် ဓာတ်ပုံများကို ပြင်ဆင်ရန် Facebook ပေါ်တွင် ဓာတ်ပုံများအတွက် filter များရွေးချယ်နိုင်သည့် menu အောက်တွင် ပြုလုပ်ကြကြောင်း သိရသည်။       

Ref: Mashable