Google Glass နှင့်ဆင်တူသည့် ထုတ်ကုန် တစ်မျိုးကို Sony ဖန်တီးနေ

Sony-11.jpg

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Sony သည် Google Glass ကဲ့သို့ ထုတ်ကုန်တစ်မျိုးကို ဖန်တီးနေကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ကုန် ညာဘက်ဘေးတွင် clip များ ပါဝင်လာသည်။

Sony ၏ထုတ်ကုန်တွင် ပါဝင်သော clip-on  အစိတ်အပိုင်းသည် သာမန်မျက်မှန်များကို ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်အဖြစ် အသွင်ပြောင်းနိုင်ကြောင်း ကုမ္ပဏီမှ ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ Sony အစိတ်အပိုင်းလေးသည် မျက်မှန်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး Bluetooth နှင့်ရုပ်ထွက် အရည်အသွေး 600×400 pixels ရှိသော OLED micro display ကိုဖော်ပြ ပေးမည်ဖြစ်သည်။ ထို့အပြင် ၎င်းအစိတ်အပိုင်းကို မျက်မှန်ပေါ်တွင် တပ်ဆင်ခြင်းဖြင့် အလေးချိန် ၄၀ ဂရမ်သာ ရှိလာမည်ဖြစ်သည်။ Sony ကအဆိုပါ display များသည် နေရောင်နှင့် အလင်းနည်းသည့် ရိုက်ကူးထားသည့် အရောင်အမျိုးမျိုး ပါဝင်သော ဓာတ်ပုံများကို အရည်အသွေး မြှင့်တင်ပေးမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ Developer များကလည်း အဆိုပါ clip-on ထုတ်ကုန်သည် အားကစား သမားများဖြစ်သည့် စက်ဘီးစီးသူများ သို့မဟုတ် ဂေါက်ရိုက်သူ

များကို သတင်းအချက်အလက် သို့မဟုတ်  အကွာအဝေး တွက်ချက်ရန် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုကဲ့သို့ဘက်စုံ အသုံးပြုနိုင်သော Sony ၏ clip-on ထုတ်ကုန်သည် အများပြည်သူများက မနှစ်သက်သော Google Glass ထက် သာလွန်ဖွယ် ရှိနေသည်။ သို့သော်လည်း clip-on အစိတ်အပိုင်း ထုတ်ကုန်သည် ရှေ့ပြေးပုံစံ အဆင့်သာရှိပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် လက်စ်ဗီးဂတ်စ်မြို့တွင် ပြုလုပ်မည့် Consumer Electronics Show မှသာ တရားဝင် ထုတ်ဖော်ပြသ သွားမည်ဖြစ်သည်။

Ref: Mashable