Wi-Fi I Scan Portable Scanner

WI-FI-I-Scan--Portable-Scanner.jpg

အရည်အသွေးမြင့် ပုံရိပ်ပေါင်းများစွာကို အလွယ်တကူ Scan ဖတ်နိုင်ပြီး Wi-Fi ဖြင့် Sharing ပြုလုပ်ကာ အသုံးပြုနိုင်သော Protable scanner ဖြစ်သည်။ Hight resolution 1050 DPI နှင့် ကြည်လင်ပြတ်သားစွာ Scan ဖတ်နိုင်ပြီး HD LCD display ပေါ်တွင် Scan ဖတ်ထားသည့် ပုံများကို ပြန်လည်ကြည့်ရှုနိုင်သည့်အတွက် အသုံးပြုရ အဆင်ပြေစေမည်ဖြစ်သည်။ ထို့အပြင် Scan ဖတ်ထားသည့်ပုံရိပ်များကို လူအများဆီသို့ Wi-Fi ဖြင့် တစ်ပြိုင်နက်တည်း ပိုဆောင်ပေးနိုင်သည့်အတွက် အသင်းအဖွဲ့၊ ရုံးလုပ်ငန်းဆိုင်ရာများတွင် အချိန်ကုန်သက်သာစွာဖြင့် လုပ်ငန်းများကို ပြီးမြောက်စေနိုင်မည် ဖြစ်သည်။ Wi-Fi စနစ်ပါဝင်သော laptop, desktop, tablet, Mobilephone, iPhone နှင့် iPad စသည်တို့ဖြင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်သော နည်းပညာမြင့်မားပြီး အရည်အသွေးပြည့်မီသည့် sacanner ဖြစ်သည်ဟု သိရသည်။ Micro SD card ထည့်သွင်း အသုံးပြုရမည်ဖြစ်ပြီး maxi-mum 32 GB အထိ အထောက်အပံ့ပေးသည့်အတွက် ပုံရိပ်ပေါင်းများစွာကို scan ဖတ်ပြီး သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ JPEG နှင့် PDF ကို လိုအပ်သလို ပြောင်းလဲပြီး scan ဖတ်နိုင်မည်ဖြစ်သည်။ ပုံရိပ်အရွယ်အစားကို A4 အထိ ဖတ်နိုင်မည့်အပြင် ပုံရိပ်ကိုလည်း low, mediun, hight စသည်ဖြင့် လိုအပ်သော Resolution ကို ချိန်ပြီး Scan ဖတ်နိုင်မည် ဖြစ်သည်။ Built in lithium polymer battery ပါဝင်သည်။ တန်ဖိုးမှာ ၉၃,၉၀၀ ကျပ်ဖြစ်ပြီး Fax ဖုန်း၊ ၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။