Onavo Extend

screen568x568.jpg

Mobile Data သုံးစွဲသူများ နေ့စဉ်သုံးစွဲနေသည့် Mobile Data ကို ထိန်းချုပ်ပေးနိုင်မည့် App တစ်ခုဖြစ်သည်။ iOS တွင် အသုံးပြုနိုင်မည့် App တစ်ခုလည်းဖြစ်သည်။ အဆိုပါ App သည် အင်တာနက် ချိတ်ဆက် အသုံးပြုရသည့် App များဖြစ်သည့်၊ Youtube, Instagram, Facebook, Safari အစရှိတဲ့ App များကဲ့သို့ အခြားသော အင်တာနက်ဖြင့် ချိတ်ဆက်၍ အသုံးပြုရသည့် App များမှ Mobile Data သုံးစွဲမှုကို ထိန်းချုပ် ပေးနိုင်မည် ဖြစ်သည်။

အသုံးပြုလိုပါက iTunes Store တွင်ရယူ နိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 8.7 MB ခန့်သာ ရှိမည်ဖြစ်သည်။ iOS Version 6.0 နှင့်အထက်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများ အတွက် ဒီနေရာ ကိုနှိပ်ပါ။