Ubuntu OS တွင် System Monitoring ထည့်သွင်းခြင်း

System-Monitoring.jpg

Ubuntu OSမှာ System Monitoring ကို အသုံးပြုချင်သူတွေ အနေနဲ့ ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ System Monitoring ကို အသုံးပြုခြင်းဖြင့် Ubuntu OS မှာ အသုံး ပြုနေတဲ့ Hardware တွေရဲ့ အခြေအနေကို စောင့်ကြည့်နေနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS ရဲ့System တွေကို Monitoring ပြုလုပ်ဖို့အတွက် Monitor Utilities တစ်ခု ထည့်သွင်း ရမှာ ဖြစ်ပါတယ်။

ထည့်သွင်းရမယ့် Utilities က Saidar ဆိုတဲ့ Utilities ပဲဖြစ်ပါတယ်။ Saidar ကို Ubuntu OS ပေါ်မှာထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

 နောက်တစ်ဆင့်ကတော့ Saidar  ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install saidar ဆိုတဲ့ Command ပဲ ဖြစ်ပါတယ်။

အဆိုပါ Saidar ကို Ubuntu 14.04 Version မှာ ထည့်သွင်းခြင်းဖြစ်ပါတယ်။ 

Saidar ကိုထည့်သွင်းပြီးသွားရင် အသုံးပြုပုံကတော့ –

Saidar  ဆိုတဲ့ Command ကို Terminal မှာ ရိုက်ထည့်လိုက်တဲ့ အခါမှာ Default အနေနဲ့ System Monitoring ပြုလုပ်တာတွေကို Terminal မှာတင်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Delay ဖြစ်နေတဲ့ System တွေကို Refresh ပြုလုပ်ဖို့ အတွက်ကတော့ saidar -d 5 ဆိုပြီး ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

System ပိုင်းကို အရောင်တွေနဲ့ ခွဲခြားကြည့်ချင်တယ်ဆိုရင် saidar -c  ဆိုတဲ့ Command ကို အသုံးပြုပြီး System Monitoring ကို  အရောင်တွေနဲ့ ခွဲခြားကြည့်ရှုပြီး စောင့်ကြည့်နိုင်မှာ ဖြစ်ပါ တယ်။