LG ၏ webOS 2.0 တီဗွီများကို CES 2015 တွင်မိတ်ဆက် ပြသမည်

LG_webOS_2.0_hi_res.0.0.jpg

LG သည် အသစ်မွမ်းမံထားသည့် webOS အသုံးပြုထားသော စမတ်တီဗွီများကို CES 2015 ပြပွဲတွင် မိတ်ဆက်ပြသရန် စီစဉ်လျက်ရှိသည်။ လက်စ်ဗီးဂက်စ် မြို့တွင်ပြုလုပ်မည့် အဆိုပါ ပြပွဲ၌ LG မှမိတ်ဆက်ပြသမည့် webOS 2.0 တီဗွီများတွင် စွမ်းဆောင်ရည်ကို အာရုံစိုက် လုပ်ဆောင်ထားပြီး home screen မှ YouTube app ကိုစတင် အသုံးပြုချိန်သည် ၇၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်လာပြီး boot times မှာလည်း ၆၀ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

OS feature သစ်များတွင် ပါဝင်လာသည့် My Channels option သည် launcher bar မှ အနှစ်သက်ဆုံး channel များကို အသုံးပြုနိုင်ပြီး input picker ကိုလည်းအသစ် ပြင်ဆင်ထားသည်။ ထို့အပြင် quick settings mode ကလည်း လက်ရှိတီဗွီ အစီအစဉ်ကို အနှောင့်အယှက် မဖြစ်စေဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် LG သည် 4G streaming content အတွက် Netflix နှင့် Amazon ကဲ့သို့သော ဝန်ဆောင်မှုများနှင့် ပူးပေါင်းထားသည်။

LG သည် webOS TV ကို စတင်ဖြန့်ချိပြီး ပထမ ၈ လအတွင်း အလုံးရေ ၅ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း CES ပြပွဲတွင် webOS အသုံးပြု စမတ်နာရီ မိတ်ဆက်ခြင်း ရှိ၊ မရှိကို ဖြေကြားခဲ့ခြင်း မရှိပေ။

Ref: TheVerge