Streaming Media

Streaming media ဆိုသည်မှာ hard drive ဗီဒီယို သို့မဟုတ် အသံ content ကို အင်တာနက်ပေါ်မှ ကြည့်ရှုနိုင်ရန် compressed ပုံစံဖြင့် ပေးပို့ခြင်းဖြစ်သည်။

Streaming media ကို သုံးစွဲသူသည် အဆိုပါ content ကို ကြည့်ရှုခြင်းအတွက် ဖိုင်တစ်ဖိုင်ကို download ပြုလုပ်ရန် စောင့်ဆိုင်းစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် streaming media သည် အချက်အလက်များကို ကြည့်ရှုနိုင်ရန်အတွက် အဆက်မပြတ် ပေးပို့သောကြောင့် ဖြစ်သည်။ ကြည့်ရှုသူအနေဖြင့် pause, rewind, fast-forward စသည်တို့ကို ပြုလုပ်နိုင်သည်။

Streaming media သည် server application တစ်ခုမှ ထုတ်လွှင့်ပြီး media player ဟုခေါ်သော client application တစ်ခုမှ လက်ခံကြည့်ရှုနိုင်သည်။ Media player သည် browser တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သလို၊ plug-in တစ်ခု ဒါမှမဟုတ် သီခြား program တစ်ခု သို့မဟုတ် iPod ကဲ့သို့သော ထုတ်ကုန်များလည်း ဖြစ်နိုင်သည်။ YouTube ဗီဒီယိုများတွင်မူ Flash player များကို ပေါင်းစပ်ထည့်သွင်းထားသည်။

Streaming media နည်းပညာများသည် ၁၉၉၀ ဝန်းကျင် နောက်ပိုင်းတွင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သို့သော်လည်း streaming content များ၏ အရည်အသွေးမှာ သုံးစွဲသူ၏ အင်တာနက် အမြန်နှုန်းအပေါ်တွင်သာ မူတည်လျက်ရှိသည်။