Cherry Mobile Ruby ဈေးကွက် ဝင်ရောက်မည်

20140821152921-49d220007cf325f1cd6e9cb8a04c7389.jpg

Cherry Mobile ၏ မော်ဒယ် သစ် Ruby စမတ်ဖုန်းကို မကြာမီ ဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး တန်ဖိုး ၇၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Ruby စမတ်ဖုန်းကို GSM 2G/3G ကွန်ရက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ GSM SIM ကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM အမျိုးအစား ဖုန်းဖြစ်ပြီး ဖုန်းမြင်ကွင်း အရွယ်အစား ၄ လက်မ ရှိမည် ဖြစ်သည်။ အမြန်နှုန်း 1GHz ရှိသော Dual-core CPU နှင့် ဂရပ်ဖစ်အတွက် Mali 400 GUP စနစ်များ ပါဝင်မည်ဖြစ်ပြီး   Internal Memory 4GB ပါဝင်သည့်အပြင် 32GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည် ဖြစ်သည်။ 5MP ရှေ့ကင်မရာနှင့် 0.3MP နောက်ကင်မရာများ ပါဝင်မည် ဖြစ်သည်။ Wi-Fi စနစ်၊ Bluetooth စနစ်နှင့် မြန်မာစာ စနစ်များ အသင့်ပါဝင်မည် ဖြစ်ပြီး Android OS 4.2 (Jelly Bean) ကို ထည့်သွင်း အသုံးပြု ထားသည်။ ဘက်ထရီ ပမာဏမှာ 1150mAh အမျိုးအစားဖြစ်ပြီး ပြည်တွင်းသို့ အနက်ရောင် တစ်မျိုးတည်းသာ ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။