Classic ဟုခေါ်သော စမတ်ဖုန်းသစ်ကို BlackBerry မိတ်ဆက်

Blackberry.jpg

BlackBerry သည် Apple နှင့် Android   ဖုန်းများဖြင့် ယှဉ်ပြိုင်မည့် ကီးဘုတ် ပါဝင်လာသည့် Classic ဟုခေါ်သော ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့သည်။

BlackBerry က လုပ်ငန်းသုံးအတွက် အဓိကဦးတည်၍ ထုတ်လုပ်ထားသော အဆိုပါ စမတ်ဖုန်းတွင် ပါဝင်သည့် ကီးဘုတ်သည် touch screen များထက် စာများရိုက်ရာတွင် ပိုမိုလွယ်ကူ သောကြောင့် BlackBerry ပရိသတ်များက ပိုမိုနှစ်သက် ကြသည်။ ထို့အပြင် ကုမ္ပဏီမှ မိတ်ဆက်လိုက်သော စမတ်ဖုန်းသစ်တွင် ဘက်ထရီ သက်တမ်းနှင့် လုံခြုံရေးကိုလည်း အာမခံ ပေးထားသည်။ လူပေါင်းများစွာက Classic စမတ်ဖုန်းသည် BlackBerry ကို နှစ်ပေါင်းများစွာ သုံးစွဲလာသူများအတွက် ထုတ်လုပ်ပေး ထားသည်ဟု ပြောဆိုကြကြောင်း၊ ထိုပြောကြား ချက်များသည် မှန်ကန်ကြောင်း နယူးယောက်မြို့၏ Financial ခရိုင်တွင် ပြုလုပ်ခဲ့သော ပွဲအတွင်း ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဂျွန်ချမ်က ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းဖိတ်ကြားခဲ့သည့် လူများထဲတွင် BlackBerry အသုံးမပြု ဖူးသူများနှင့် လူငယ်များကို BlackBerry Classic သုံးစွဲကြရန် တိုက်တွန်း ပြောဆိုခဲ့သည်။ BlackBerry သည် ၁၉၉၉ ခုနှစ်တွင် RIM 950 ဖုန်းကို မိတ်ဆက်ခဲ့ပြီး ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထို့အပြင် ကုမ္ပဏီအနေဖြင့် အလုပ်များပြားသည့်

လုပ်ငန်း လုပ်ကိုင်သူများ၊ အီးမေးလ်များကို အဝေးမှ တိုက်ရိုက် အသုံးပြုနိုင်ရန် ပြုလုပ်ပေးခဲ့သည်။ ထို့နောက် အပြိုင်အဆိုင် များပြားလာသည့် စမတ်ဖုန်း မျိုးဆက်သစ်များ ကြားတွင် BlackBerry သည် နောက်ကောက် ကျခဲ့သည်။ Apple  ကဖုန်းဖြင့် အီးမေးလ်နှင့် ဖုန်းခေါ် ဆိုမှုများထက် ပိုမိုများပြားသော လုပ်ငန်း ဆောင်တာများ လုပ်ဆောင်နိုင်ကြောင်း ပြသခဲ့သောကြောင့် BlackBerry သည် Apple ကိုယှဉ်ပြိုင်ရန် ၎င်း၏ operating system အဆင့်မြှင့်တင်မှု ပြုလုပ်ရန် နောက်ကျခဲ့သည်။

ယခုအခါတွင် BlackBerry သည်၂၀၀၉ ခုနှစ်တွင် ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်း နီးပါးသာ ရှိသောကြောင့် အမေရိကန် စမတ်ဖုန်း ဈေးကွက်တွင် အစိတ်အပိုင်း အနည်းငယ်သာ ရှိတော့သည်။

Ref: SFChronicle