၂၀၁၄ ခုနှစ်၏ ထိပ်တန်း ရှာဖွေမှုများကို Google ထုတ်ပြန်

Google-Searches.jpg

Google သည် ၂၀၁၄ ခုနှစ်အတွင်း  ရှာဖွေမှုပေါင်း များစွာအနက် ထိပ်တန်းရှာဖွေမှု ၁၀ ခုကို ထုတ်ပြန်ပေးခဲ့ရာ ရော်ဘင်ဝီလျံသည် ထိပ်ဆုံးတွင် ရပ်တည်နေလျက်ရှိသည်။

သရုပ်ဆောင်နှင့် လူရွှင်တော် တစ်ဦးဖြစ်သူ ရော်ဘင်ဝီလျံသည် သြဂုတ်လတွင် ကွယ်လွန်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ လူပေါင်းများစွာက ၎င်းအား အမှတ်ရသောအားဖြင့် အချက်အလက်များကို အွန်လိုင်းတွင် ရှာဖွေခဲ့ကြသည်။ ရော်ဘင်ဝီလျံ၏ ရုတ်တရက် သေဆုံးမှုကြောင့် လူများစွာသည် ၎င်းပါဝင် သရုပ်ဆောင်ခဲ့သော ဇာတ်ကားများနှင့် တီဗွီ ဇာတ်လမ်းတွဲများကို ပြန်လည်၍ အမှတ်တရအဖြစ် ရှာဖွေခဲ့ကြသည်။ ထိုသို့ ပြုလုပ်ကြသည့် အခါတွင် ရော်ဘင်ဝီလျံ၏ စိတ်ကျရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး မကောင်းမွန်မှု များစွာကို တွေ့ရှိလာကြကြောင်း Google မှပြောကြားခဲ့သည်။ ထို့အပြင် အားကစားသည်လည်း ၂၀၁၄ ခုနှစ်တွင် လူများအာရုံ အစိုက်မိဆုံး ခေါင်းစဉ်တစ်ခု ဖြစ်သည်။ ဆိုချီမြို့တွင် ကျင်းပခဲ့သော ဆောင်းရာသီ အိုလံပစ်မှ ဘရာဇီးတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲအချိန်များတွင် ဝက်ဘ် သုံးစွဲသူများသည် အင်တာနက်တွင် ၎င်းတို့နှစ်သက်သော အားကစား သမားများနှင့် ပွဲအကြောင်းများကို လာရောက်ရှာဖွေ ခဲ့ကြသည်။

ဝက်ဘ်သုံးစွဲသူများသည် ဝက်ဘ်သမိုင်းတွင် အရေးပါဆုံး ရောဂါတစ်ခုကို လူများ သတိပြုမိစေရန် လှုံ့ဆော်မှုများကို  အွန်လိုင်းတွင် လူအများအပြားက ပူးပေါင်းပါဝင်၍ လုပ်ဆောင်ခဲ့သည်။ ယခုနှစ်တွင် ALS သို့မဟုတ် Lou Gehrig’s Disease ဟုလူသိများသော Amyotropic Lateral Sclerosis ရောဂါကို လူအမျာ အာရုံစိုက်မိစေရန် ALS Ice Bucket Challenge များပြုလုပ်ခဲ့ကြရာ Google တွင်၎င်းနှင့် ပတ်သက်သည့် အကြောင်းအရာများ ရှာဖွေမှုနှုန်း မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ကြရာ နေ့စဉ်နှင့်အမျှ သာမန်လူများနှင့် နာမည်ကျော်ကြားသူများက  ALS  ရောဂါအတွက် ကုသမှုများ ရှာဖွေကြရန် ကမ္ဘာကြီးအား လှုံ့ဆော်သည့် အနေဖြင့် လူများပေါ်သို့ ရေအေးများ လောင်းချခဲ့ကြသည်။

၎င်း Google ၏ထိပ်တန်း ရှာဖွေမှုများ နောက်တွင် အီဘိုလာ၊ မလေးရှား လေကြောင်းလိုင်း Flight 370 နှင့် ISIS တို့သည်လည်း အစဉ်လိုက် ရပ်တည်နေလျက် ရှိကြသည်။

Ref: PCMag