Kingdom Hearts HD 2.5 Remix နှင့်အတူ PS3 ဂိမ်းသစ်များ ဝင်ရောက်

Kingdom-Heart-II---HD.jpg

Square Enix ၏ လူကြိုက်များသော Action RPG ဂိမ်းစီးရီးဖြစ်သည့် Kingdom Hearts ၏ HD Version သစ်ထွက်ရှိလာပြီး PS2 တွင် ထွက်ရှိထားသော Kingdom Hearts 2 နှင့် PSP တွင် ထွက်ရှိထားသော KH: Birth by Sleep တို့ကို ပိုမိုကောင်းမွန်သည့် graphics ဖြင့် PS3 တွင် ကစားနိုင်ပြီဖြစ်သည်။ ယခင် English version ဖြင့် ထွက်ရှိခြင်းမရှိခဲ့သော final mix version, story missions သစ်များနှင့် Walt Disney နှင့် Square Enix တို့၏ နာမည်ကြီးဇာတ်ကောင်များစွာ ပါဝင်ထားကြောင်း သိရှိရသည်။ KH HD 2.5 နှင့်အတူ Platforming ဂိမ်းသစ် Little Big Planet 3, Racing ဂိမ်းသစ် Motor-cycle Club နှင့် Adventure ဂိမ်းသစ် The Wolf Among Us တို့လည်း PS3 အတွက် ထွက်ရှိထားကြောင်း သိရသည်။

အသုံးပြုလိုသူများအနေဖြင့် GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။