Denim update တွင် Microsoft Lumia ထုတ်ကုန်များအတွက် 4Kဗီဒီယို ရိုက်ကူးသည့် လုပ်ဆောင်ချက် ပါဝင်လာမည်

IMG_8897.JPG

Lumia ထုတ်ကုန်များအတွက် ဖြန့်ချိသည့် Denim software update တွင် Windows Phone ၏ voice assistant ဖြစ်သော Cortana အတွက် လုပ်ဆောင်ချက်များနှင့် အဆင့်မြှင့်တင်ထားသည့် ကင်မရာတို့ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြှင့်ထားသည့် ကင်မရာတွင် 4K ဗီဒီယို ရိုက်ကူးခြင်း၊ sleep mode အနေအထားမှ တစ်စက္ကန့်အတွင်း ကင်မရာကို ဖွင့်ကာ ဓာတ်ပုံရိုက်နိုင်မည့် fast camera start နှင့် Rich Capture mode တို့ ပါဝင်မည် ဖြစ်သည်။ Rich Capture mode ကို HDR, Dynamic Flash နှင့် Dynamic Exposure စသည့် feature များဖြင့် အလိုအလျောက် သတ်မှတ် ရိုက်ကူးနိုင်မည် ဖြစ်သည်။

Denim update ကို Lumia 830, Lumia 930, Lumia Icon နှင့် Lumia 1520 စသည့် ထုတ်ကုန်လေးမျိုးအတွက်သာ ဖြန့်ချိမည်ဟု သိရသည်။

Lumia စမတ်ဖုန်းအားလုံးအတွက် Denim update ကိုမူ ဇန်နဝါရီလ အစောပိုင်းတွင် ဖြန့်ချိပေးသွားမည်ဟု Microsoft မှ ကတိပြုထားသည်။

Ref: Mashable