Magi Cover

screen640x640.jpeg

Magi Cover ဆိုသည့် App သည် iPhone, iPad တို့ပေါ်မှနေ၍ Facebook Timeline Cover Photo များကို ဖန်တီးပြုလုပ်ပေးနိုင်မည့် App တစ်ခု ဖြစ်သည်။ Magi Cover App သည် High Definition အရည်အသွေးရှိသည့် ဓာတ်ပုံများဖြင့် ပြန်လည် ထုတ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြန်ထုတ်ပေးမည့် ဓာတ်ပုံ Format မှာ PNG Format ဖြင့် ပြန်လည် ထုတ်ပေးမည် ဖြစ်သည်။

အဆိုပါ App ကို ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှ အသုံးပြုခွင့်ရမည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ iOS Version 7.0 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။