Cyberextortion

Cyberextortion ဆိုသည်မှာ ကုမ္ပဏီတစ်ခုကို တိုက်ခိုက်ရန် ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှုကို ရှောင်လွှဲရန် သို့မဟုတ် ရပ်တန့်ရန် ငွေကြေးတောင်းဆိုခြင်းတို့ ပါဝင်သည့် ဒုစရိုက်မှုတစ်ခု ဖြစ်သည်။

Cyberextortion သည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နိုင်သည်။ Denail of service (DoS) တိုက်ခိုက်မှုများသည် ဖြစ်ပေါ်မှုအများဆုံး နည်းလမ်းဖြစ်ခဲ့သည်။ လတ်တလောနှစ်များတွင် ဆိုက်ဘာဒုစရိုက်သမားများသည် ransomware ကို ဖန်တီးကာ တိုက်ခိုက်ခံရသူ၏ အချက်အလက်များကို encrypt ပြုလုပ်ပြီး decyption key အတွက် ငွေကြေးများကို တောင်းဆိုကြသည်။

စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းတိုးတက်ရန်အတွက် အင်တာနက်ကို မှီခိုကြခြင်းက ဆိုက်ဘာဒုစရိုက်သမားများ အတွက် အခွင့်အရေးများ ဖြစ်လာခဲ့သည်။ အဆိုပါ ဆိုက်ဘာဒုစရိုက်သမားများသည် အမည်မဖော်ပြသော account များနှင့် email လိပ်စာအတုများကို အသုံးပြုကာ တိုက်ခိုက်ကြသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရွေးထုတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းတို့မှာ နည်းပါးလာခဲ့သည်။

Cyberextortion သည် တိုက်ခိုက်သူများအား နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ ရရှိစေနိုင်သည်။ တိုက်ခိုက်သူ တစ်ဦးသည် အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာကို တောင်းဆိုကြပြီး ၎င်းတို့၏ တောင်းဆိုမှုများကို လိုက်လျောသည့်တိုင် နောက်ဆက်တွဲ တိုက်ခိုက်မှုများ မဖြစ်ပေါ်နိုင်ကြောင်း အာမမခံနိုင်ပေ။