Coolpad 7251 ဟန်းဆက် ဝယ်ယူပါက ဖုန်းဘီလ်ကို တစ်လလျှင် ခြောက်ထောင်ဖြင့် ၁၀ လ ဖြည့်ပေးမည်

Coolpad-7251-.jpg

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် GOLDEN ARROW Mobile ဆိုင်သို့ CoolPad ၏ မော်ဒယ်သစ် 7251 ဟန်းဆက် ဝင်ရောက်လာပြီး အဆိုပါ ဟန်းဆက် ဝယ်ယူသူများကို Ooredoo ဆင်မ်းကတ် ထည့်သွင်းပေးမည် ဖြစ်သလို ဖုန်းဘီလ်ကို  တစ်လလျှင် ခြောက်ထောင်နှုန်းဖြင့် ၁၀ လစာ ဖြည့်ပေးမည့် အစီအစဉ်ကိုလည်း ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ ဟန်းဆက်ကို 2G, 3G ကွန်ရက်များတွင် အသုံးပြုနိုင်ပြီးDual SIM & Dual Standby ဖြစ်သည်။ တန်ဖိုးသင့်စမတ်ဖုန်း အမျိုးအစား တစ်ခုဖြစ်သည်။ Dual-Core 1.2GHz  CPU  နှင့် Adreno 302 GPU ထည့်သွင်း အသုံးပြု ထားသည်။ G-sensor ထောက်ပံ့ပါဝင်သည်။ RAM ပိုင်းအတွက် 512MB ထည့်သွင်း အသုံးပြုထားပြီး Internal Storage Memory 4GB ပါဝင်သည်။  Internal Storage Memory မလုံလောက်ပါက Micro SD Card ဖြင့် 32GB အထိ ထပ်တိုးအသုံးပြုနိုင် မည် ဖြစ်သည်။ Android v4.3 OS နှင့် ဖြစ်သည်။ ၅ လက်မအရွယ် TFT Capacitive Touch Screen ,16M Color Display ကို အသုံးပြုထား သည်။  ဖုန်း၏ နောက်ကျောဘက် အခြမ်းတွင် 5MP ရှိသည့် ကင်မရာပါဝင်သည်။ 2000 mAh Li-Ion Battery ကို ထည့်သွင်း အသုံးပြုထားသည့်အတွက် Stand by အနေဖြင့် နာရီပေါင်း ၂၂၀ ထားနိုင်ပြီး ၆ နာရီဆက်တိုက် ဖုန်းပြောဆိုခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။ အရွယ်အစားမှာ 140. 35 x 71.8 x 9.6 mm ဖြစ်ပြီး170g အလေးချိန်ရှိမည် ဖြစ်သည်။

GOLDEN ARROW Mobile (နေပြည်တော်)  ဖုန်း ၀၉ ၄၃၁၁၀၉၀၅ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။