HUAWEI Ascend Mate 7 ဟန်းဆက်ဝယ်ယူပါက ဖုန်းဘီလ်တစ်သိန်းဖိုးနှင့် ဆင်းမ်ကတ် လက်ဆောင်ပေးမည့် အစီအစဉ် ပြုလá

နေပြည်တော်ကောင်စီ နယ်မြေတွင် ဖွင့်လှစ်ထားသော GREEN TELECOM Mobile မှ တရားဝင် အလုံးများဖြစ်သည့် Huawei Ascend Mate 7 ဟန်းဆက် တစ်လုံးဝယ်ယူပါက Ooredoo ဖုန်းဘီလ် ကျပ် တစ်သိန်းဖိုးအား လက်ဆောင်အဖြစ် ဖြည့်သွင်းထားသော Ooredoo SIM Card လက်ဆောင်ပေးအပ်မည့် အစီအစဉ် စတင်လိုက်ကြောင်း သိရသည်။ 

အဆိုပါအစီအစဉ်၌ ဖြည့်သွင်းပေးမည့် ဖုန်းဘီလ် ကျပ်တစ်သိန်းဖိုးမှာ  ဟန်းဆက် ဝယ်ယူစဉ်ကတည်းက  eLoad ဖြင့် ဖြည့်ပေးမည် ဖြစ်ကြောင်းနှင့် အလုံးရေ (၁၀၀) ကန့်သတ်ထား ကြောင်း ၎င်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Huawei Ascend Mate 7 မှာ 2G, 3G, 4G TD-LTE ကွန်ရက်များတွင် အသုံးပြုနိုင်ပြီး Micro SIM အနေဖြင့် ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။ Quad-core 1.8 GHz Cortex-A15 & Quad-core 1.3GHz  Cortex-A7 CPU နှင့် Mali-T628 GPU ကို ထည့်သွင်း အသုံးပြုထားပြီး RAM 2GB  နှင့် Internal Storage Memory 16GB ပါဝင်သည်။ MicroSD Card ကို 128GB အထိ စိုက်သုံးနိုင်မည် ဖြစ်သည်။

Finger Print Sensor ပါဝင်သည်။ စကရင် ၆ လက်မ အရွယ်အစားဖြစ်ပြီး Corning Gorilla Glass3 ထပ်မံ အုပ်ပေးထားသည်။ ဖုန်း၏ နောက်ကျောဘက် အခြမ်းတွင် 13MP ရှိသည့် ကင်မရာနှင့်  Screen အခြမ်းတွင် 5.0MP ရှိသည့်  ကင်မရာ ပါဝင်သည်။ 4100  mAhရှိသော Li-Polymer ဘက်ထရီ ပါရှိသော်လည်း အဖြုတ်အတပ် မလုပ်နိုင်ပေ။ မြန်မာစာ စနစ်လည်းထည့်သွင်းပေးထားသည်။

ဝယ်ယူလိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များ ကိုGREEN TELECOM  Mobile ဖုန်း – ၀၉ ၉၇၆၁၄၉၄၉၄ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။