FastStone Image Viewer

software.jpg

FastStone Image Viewer ဆိုတဲ့ ဆော့ဖ်ဝဲဟာ ကွန်ပျူတာ အတွင်းမှာရှိတဲ့ ဓာတ်ပုံတွေကို အလျင်အမြန် ရှာဖွေနိုင်မှာ ဖြစ်သလို၊ ဓာတ်ပုံတွေကို ကြည့်ရှုတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ ပုံတွေ ကို ပြင်ဆင်နိုင်မယ့် Tool တွေကိုလည်း ထည့်သွင်းပေး ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Fast Stone Image Viewer ဆော့ဖ်ဝဲဟာ ဓာတ်ပုံတွေ ကြည့်ရှုတဲ့ အခါမှာတော့ အသုံးဝင်မယ့် ဆော့ဖ်ဝဲ တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ ဓာတ်ပုံတွေကို ပြင်ဆင်ဖို့နဲ့ Effect တွေထည့်သွင်းဖို့ အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ FastStone Image Viewer ဆော့ဖ်ဝဲဟာ ဓာတ် ပုံတွေကို Customize ပြုလုပ်နိုင်ဖို့ အတွက် Crop Tool နဲ့ ဘောင်တွေ ထည့်သွင်းဖို့အတွက် Border Tool တွေအပြင် အခြားသော အသုံးဝင် မယ့် Tool များစွာကိုလည်း ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

FastStone Image Viewer ရဲ့ ဒီဇိုင်းသွင်ပြင်ကိုလည်း သုံးစွဲသူ တွေအလွယ်တကူနဲ့ သုံးစွဲတတ် စေဖို့အတွက် စီစဉ်ဖန်တီးပေးထားပါတယ်။ ဓာတ်ပုံတွေရှိတဲ့ လမ်းကြောင်းတွေကို ဖော်ပြပေးနိုင်သလို၊ ဓာတ်ပုံတွေကို Thumbnailအနေနဲ့လည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံပြင်ဆင်ဖို့အတွက် Tool တွေကို အလွယ်တကူ  အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါ တယ်။

ဆော့ဖ်ဝဲမှာ Red Eye Removal, e-mailing, resizing,Cropping, Color adjustmentအစရှိတာတွေနဲ့ ပတ်သက်တဲ့ Toolတွေကို ထည့်သွင်းပေးထားပြီး၊ ဓာတ်ပုံ Format တွေဖြစ်တဲ့ BMP,JPEG, GIF, PNG, PCX, TIFF,WMF, ICO နဲ့ အခြားသော ဓာတ်ပုံဖိုင် Format ပေါင်းများစွာကိုလည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

FastStone Image Viewer ကို Windows 2000 ကနေ Windows8 အထိထည့်သွင်း အသုံးပြုနိုင် မှာဖြစ်ပြီး၊ ဖိုင်အရွယ်အစားကလည်း 5.54 MB ခန့်သာရှိမှာ ဖြစ်ပါတယ်။ အခမဲ့ အသုံးပြုနိုင်မယ့် Photo Editor ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။