Slim Browser

url.jpg

Slim Browser သည် Microsoft ၏ Trident Engine ကို နောက်ကွယ်မှာ အလုပ်လုပ်ဆောင်နိုင်ရန်အတွက် ထည့်သွင်းပေးထားသည့် Browser တစ်မျိုးဖြစ်သည်။ MSHTML ဟု လူသိများသည့် Trident Engine ကို ၁၉၉၇ ခုနှစ်တွင် Microsoft ၏ Internet Explorer တွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ Slim Browser တွင် ပိုမိုအဆင့်မြှင့်တင်ထားသည့် Trident Engine အပြင် Popup Blocker, Downloader နှင့် Web Filter များကိုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါ Browser ကို အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး၊ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 3.67MB ခန့်သာရှိမည် ဖြစ်သည်။ Windows XP မှစ၍ Windows 8 အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။