6G အင်တာနက်စီမံကိန်းကို Samsung ဖော်ဆောင်နေ

အခုအခါမှာ ကမ္ဘာတစ်ဝန်း 5G စီမံကိန်းနဲ့ ပတ်သက်ပြီး ပြဿနာကြုံတွေ့နေရပါတယ်။ ဒါပေမဲ့လည်း Samsung ကတော့ အနာဂတ်မှာ 6G သုံးစွဲလာဖို့ ဖွံ့ဖြိုးလာဖို့ အသေးစိတ် စီစဉ်နေပါတယ်။

5G ရဲ့ပြဿနာကတော့ အခြေခံအဆောက်အအုံနဲ့ ထုတ်ကုန်တွေပဲဖြစ်တယ်။ 5G ရဲ့အင်တာနက်မြန်နှုန်းကလည်း ထင်သလောက် မမြန်သလို ဈေးကွက်ထဲက ထုတ်ကုန်ကလည်း 5G ထောက်ပံ့ထားတာ မဟုတ်ပါဘူး။

6G ကလည်း အလားတူ ပြဿနာတွေကြုံတွေ့နိုင်ပါတယ်။ 5G ရဲ့အင်တာနက်မြန်နှုန်းကတော့ 20Gbps ဖြစ်တယ်။ ဒါပေမဲ့ 6G ကတော့ 1000Gbps အထိ ရှိပါတယ်။ အဲဒီ မြန်နှုန်းလိုချင်ရင် ပိုမိုခိုင်မာတဲ့ အခြေခံအဆောက်အအုံနဲ့ ထုတ်ကုန်တွေ လိုအပ်ပါတယ်။

သတင်းအရ 6G ကတော့ အလွန်တူညီတဲ့ သုံးဘက်မြင်ပုံရိပ်တွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီနည်းပညာကို XR နည်းပညာလို့ Samsung ကခေါ်ဆိုထားပါတယ်။

စိုးထက်
Ref: GadgetMatch