Maelstrom browser သစ်ကို BitTorrent မိတ်ဆက်

bit-torrent.jpg

BitTorrent သည် အင်တာနက် ကြည့်ရှုရာတွင် အဆင်ပြေစေပြီး  ဝက်ဘ်လုပ်ဆောင်မှုများကို ပြောင်းလဲပေးနိုင်သည့် Maelstrom  browser သစ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ browser ကို Project Maelstrom ဟုခေါ်ဆိုပြီး ယခုအခါတွင် invite ပြုလုပ်ခံရမှသာ အသုံးပြုနိုင်သော alpha အဆင့်သာ ရှိသေးသည်။ ၎င်း browser တွင် သုံးစွဲသူများက ထိန်းချုပ်မှု ပိုမိုပြု

လုပ်နိုင်ရန်  အင်တာနက်ကို ပိုမိုအသုံးပြု ရန်အတွက် peer-to-peer နည်းပညာကို အသုံးပြုထားသည်။ BitTorrent ထက်ပိုမို အလုပ်အလုပ်နိုင်သော ဝက်ဘ်များ အသုံးပြုနိုင်သည့် browser ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Project  Maelstrom  browser သည် အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုနိုင်ရန် အကူအညီ ပေးနိုင်မည်ဖြစ်ကာ သုံးစွဲသူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အာမခံပေး နိုင်မည်ဖြစ်ကြောင်း bittor-rent  မှပြောဆိုခဲ့သည်။

Project Maelstrom ကိုသုံးစွဲရန် စိတ်ဝင်စား သူများအတွက် blog.bittorrent.com တွင်စာရင်း ပေးသွင်းပါက invite များရရှိပါက download ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: TheNextWeb