Ubuntu OS တွင် Laptop Mode ကို အသုံးပြုခြင်း

corner.jpg

Ubuntu OS ကို Laptop တွင် ထည့်သွင်း အသုံးပြုသူများ အနေဖြင့် မိမိအသုံးပြုတဲ့ Laptop မှာ Battery နဲ့ ပတ်သက်တဲ့ ပြဿနာတွေပေါ်ပေါက်လာပါက Laptop Mode ကိုဖွင့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS Laptop Mode ကို အသုံးပြုဖို့အတွက် Laptop Mode Tool ကို အရင်ဆုံး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Laptop Mode Tool ကို Install ပြုလုပ်ဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl +  Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Laptop Mode Tool ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

အသုံးပြုရမယ့် Command တွေကတော့-

sudo add-apt-repository ppa:webupd8team/unstable

sudo apt-get update

sudo apt-get install laptop-mode-tools စတာတွေ ဖြစ်ပါတယ်။ Laptop Mode Tool ကို  အသုံးပြုဖို့ အတွက် Terminal မှာ gksu lmt-config-gui ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Laptop Mode Tool တက်လာပြီ ဆိုရင်တော့ Disable လုပ်ချင်တဲ့ အပိုင်းတွေကို အမှန်ခြစ်လေးတွေ ဖြုတ်ပေးကာ  Ok Button ကိုနှိပ်ပြီး Save ပြုလုပ်လိုက်ပါ။ ဒါဆိုရင်တော့ Laptop မှာ Battery  အသုံးချမှုတွေကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။