SONY PS1 နာမည်ကျော် ဂိမ်းခွေများကို PS2 ပေါ်တွင် USB, HDD စနစ်ဖြင့် ကစားနိုင်ပြီ

Command-&-Conquer---Red-Alert-Retaliation-[Soviets-Disc]-[U]-[SLUS-00667]-front.jpg

SONY PS1 နာမည်ကျော် ဂိမ်းခွေများကို PS2 ပေါ်တွင် USB, HDD စနစ်ဖြင့် ကစားနိုင်ပြီဖြစ်ကြောင်း ကိုမြတ်သူ SONY GAME sale & service မှ သိရသည်။

“Video Game နည်းပညာတွေ တိုးတက်မြင့်မားလာသော်လည်း ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ပရိသတ်အများအပြား ရရှိထားတဲ့ SONY PS2 ဂိမ်းဆိုင်များအတွက် ယခုအခါမှာ ဂိမ်းဝါသနာရှင်တွေကို ထပ်မံ
ဆွဲဆောင်နိုင်မယ့် နည်းလမ်းတစ်ခု ထပ်မံထွက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရေနံကွန်မန်း၊ ရွှေကွန်မန်း၊ ဂျုံကွန်မန်းဟု လူသိများခဲ့သော Command & Conquer ဂိမ်းစီးရီးများ အပါအ၀င် အခြားစိုက်ပျိုးရေး Harvest Moon၊ Lion King၊ Aladdin စတဲ့ နာမည်ကျော် PS1 ဂိမ်းခွေတွေကို PS2 ဂိမ်းစက်တွေနဲ့ အဆင်ပြေချောမွေစွာ ကစားနိုင်ပြီဖြစ်ပါတယ်။ Game CD အခွေတွေနဲ့ကစားခဲ့ကြစဉ်က PS2 lens တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ဖွင့်ရခက်ခဲခြင်း၊ ဂိမ်းခွေများ အပျက်အစီးများခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြပြီး ယခုအခါမှာ အဆိုပါအခက်အခဲတွေကို ကျော်လွှားနိုင်မည့် USB stick နှင့် HDD များအတွင်းသို့ ထည့်သွင်းကစားနိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ PS1 ဂိမ်းခွေများအား ရယူလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို ကိုမြတ်သူ SONY GAME sale & service ဖုန်း-၀၉၄၃၀၇၅၁၅၄၊ ၀၉၇၉၉၃၉၃၈၃၇ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။