KMD မှ Christmas Amazing Sales အစီအစဉ် ပြုလုပ်မည်

KMD.jpg

KMD Christmas Amazing Sales ကို ဒီဇင်ဘာလ ၂၀ ရက် မှ ၃၁ ရက် အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် ကွန်ပျူတာနှင့်မိုဘိုင်းပစ္စည်းများကို ၇၀ ရာခိုင်နှုန်းထိလည်းကောင်း၊ Notebook ၊ Tablet နှင့် Smartphone များကို ၅၀ ရာခိုင်နှုန်းအထိ လည်းကောင်း လျှော့ချ ရောင်းချပေးသွားမည် ဖြစ်သည်။ ခရစ္စမတ်အရောင်း ကာလအတွင်း KMD အရောင်းစင်တာကြီးများတွင် မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူအားပေးသူများကို ၂၀ ရာခိုင်နှုန်း သင်တန်းကြေး ကင်းလွတ်ခွင့် ကူပွန်များကိုပါ မေတ္တာ လက်ဆောင်ပေး သွားမည့် အစီအစဉ် နှင့် ကျပ် ၁ သိန်း၊ ၃ သိန်း ၊ ၅ သိန်း ၊ ၇ သိန်း တန်ဖိုးအလိုက် ဝယ်ယူသူများအတွက် KMD မှ တန်ဖိုးကြီး ခရစ်စမတ် လက်ဆောင်များကို ပေးအပ်သွားမည့် အစီအစဉ်များ ပါဝင်သည်။

KMD Christmas Amazing Sales အစီအစဉ်များကို အမှတ် ( ၁၇၄-၁၈၂ ) ၊ ပန်းဆိုးတန်းလမ်း ( အလယ်ဘလောက် ) ၊ ကျောက်တံတားမြို့နယ်ရှိ KMD ပန်းဆိုးတန်းစင်တာတွင်သာပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။