Info Myanmar College မှ စတင်သင်ကြားမည့် HND Diploma သင်တန်းနှင့် ပတ်သက်၍ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နုနုသန့်နှင့် á€

DSC_0495.jpg

ပထမဦးဆုံး HND အကြောင်း ရှင်းပြပေးပါဦး။

HND ဆိုတာ အင်္ဂလန်မှာ ပညာရေးသြဇာကြီးမားတဲ့ Pearson (Edexcel) အဖွဲ့ကြီးက ပေးအပ်တဲ့ Higher National Diploma ဖြစ်ပါတယ်။ Pearson (Edexcel) မှာ Edexcel Academic, Vocational Qualification စသည်ဖြင့် အများကြီးရှိပြီးတော့ Engineering, IT, Business, Media, Tourism စသည်ဖြင့် ဘာသာရပ်တွေ အများကြီးရှိပါတယ်။ HND မှာ Level 1 Entary Level ကစပြီးတော့ Level 8 PhD Level အထိရှိပါတယ်။ အခု Info Myanmar College မှ စတင် သင်ကြားမယ့် HND Diploma က QCF Level 5 အဆင့်ရှိတဲ့ Higher National Diploma ဖြစ်ပြီး BTEC Vocational လမ်းကြောင်း ဖြစ်ပါတယ်။

ဒီ HND ကို ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။ ကြာမြင့်ချိန်ကကော ဘယ်လောက်ရှိလဲ။

HND ကို တက္ကသိုလ်ဝင်တန်း ဒါမှမဟုတ် IGCSE, GCE (A- Level) အောင်မြင်ပြီးသူတိုင်း တက်ရောက် နိုင်ပါတယ်။ ၁၈ လ သို့မဟုတ် ၂ နှစ် ကြာမြင့်ပြီး တစ်နှစ်ကို Semester နှစ်ခု တက်ရောက် ရမှာပါ။ Semester တစ်ခုကို ၅ လ ကြာပါမယ်။ ၂ နှစ်မှာ Semester ၄ ခု တက်ရောက်ရမှာပါ။

ခု HND မှာ Unit ဘယ်နှစ်ခု သင်ကြားရမှာပါလဲ။ သင်ကြားမှုပုံစံကိုလည်း သိချင်ပါတယ်။

Unit ပေါင်း ၁၆ ခု သင်ကြားရပါမယ်။ BTEC HND မှာ Core (မယူမနေရ) Unit က ၄ ခုရှိပါတယ်။ Info Myanmar Collegeအနေနဲ့ HND Unit ကို Networking ကို စောင်းပေးပြီး software ကိုလည်း မျှအောင် ထည့်ပေးထားပါတယ်။ Unit 16 ခုမှာ Credit ပေါင်း၂၄၀ ရှိပါတယ်။ HND ရဲ့ သင်ကြားမှု ပုံစံကတော့ Vocational Trend ဖြစ်ပါတယ်။ သီအိုရီ+ mostly hand on training သီအိုရီနဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး Student Focus ပုံစံနှင့် သင်ကြားတာပါ။ ကျွန်မတို့ နိုင်ငံမှာ အခုသင်ကြားနေတဲ့ ပုံစံကနေ လုံးဝကွဲထွက်သွားတဲ့ပုံစံပါ။ ကျွန်မတို့ဆီမှာက Teacher Focus နဲ့ သင်ကြားတာပါ။ ဆရာက အစအဆုံး လုပ်ပေးရတဲ့ ပုံစံမျိုးပေါ့။ HND ရဲ့ ထူးခြားတဲ့ ပုံစံကတော့ no exam စာမေးပွဲ လုံးဝမရှိပါဘူး။ စာမေးပွဲအစား သက်ဆိုင်ရာ unit တစ်ခုချင်းကို assignment, presentation, project တွေပြုလုပ်ဖို့ Libery, e-Lib တွေ မှာ မွှေနှောက် ရှာပြီးတော့ ကိုယ်တိုင်လေ့လာရတာမျိုးပါ။ Assignment ကိုလည်း အင်္ဂလိပ်လိုရေးပြီး တင်နိုင်သလို Story ပုံစံမျိုးရိုက်ပြီးတော့လည်း တင်လို့ရပါတယ်။ အမှန်တကယ် တတ်မြောက်အောင် project တွေ အများကြီး လုပ်ရပါတယ်။ Presentation ကတော့ Power Point နဲ့ တင်ပြရတာမျိုးပါ။

အမှတ်ပေး အကဲဖြတ်တဲ့ပုံစံ လည်း သိပါရစေ။

အမှတ်ပေး အကဲဖြတ်တဲ့ပုံစံကတော့ သက်ဆိုင်ရာ unit တစ်ခုပြီးတာနဲ့ Asssignment, Presentation, Project တစ်ခုစီကို အမှတ်ပေးတာပါ။ ဒီလိုမျိုးနဲ့ unit အကုန်လုံးပေါင်းပြီးတော့မှ Pass လား၊ Merit လား၊ D လား ဥပမာအားဖြင့် သက်ဆိုင်ရာ unit ကို ရိုးရိုးရှင်းရှင်းလေးနဲ့ လုံလုံလောက်လောက် ဖြေဆိုသွားတယ် ဆိုရင် Pass ဖြစ်ပါတယ်။ Merit ကတော့ လုံလုံလောက်လောက် ဖြေဆိုသွားတာတင် မဟုတ်ဘဲ reference တွေ ထည့်ပြီး ဖြေဆိုသွားတာမျိုးပါ။ Dictation ကတော့ Complex Asg ပုံစံမျိုးပါ။ ဖြေဆိုတဲ့ ကျောင်းသားက သက်ဆိုင်ရာ unit ကို အမှန်တကယ် ပြည့်စုံအောင် သီအိုရီတွေ၊ Evedience တွေ၊ ref တွေ၊ ကိုယ်ပိုင် idea တွေထည့်ပြီး ဖြေဆိုသွားတာပါ။ ဒါကြောင့် HND ရဲ့ အမှတ်ပေးတဲ့ ပုံစံက သတ်မှတ်ထားတဲ့ unit တစ်ခုဆီမှာ ကျောင်းသားအနေနဲ့ မဖြစ်မနေ တတ်မြောက်ထားရမယ့် အချက်တွေကို ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားသလဲ ဆိုတဲ့ Student Focus ပုံစံနဲ့ အမှတ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် အမှန်တကယ်ကြိုးစားတဲ့ ကျောင်းသား တွေအနေနဲ့ Diploma ပြီးသွားလို့ လုပ်ငန်းခွင်ဝင်ခဲ့ရင်လည်း စိတ်ပူစရာမရှိပါဘူး။ တကယ်လို့ HND ပြီးလို့ ပြည်ပကို ကျောင်းသွား တက်ရင်လည်း နိုင်ငံတကာပညာရေး ပုံစံနဲ့ ရင်းနှီးပြီးသား ဖြစ်တာကြောင့် Future Study မှာ အဆင်ပြေမှာပါ။

HND ပြီးသွားရင်ကော အလုပ် အကိုင်အခွင့်အလမ်း ဘယ်လိုရှိမလဲ။

HND Diploma အောင်မြင်သွားတဲ့ ကျောင်းသားအနေနဲ့ Choice နှစ်ခု ရှိပါတယ်။ အလုပ်ခွင်ထဲကို သွားမလား၊ ပြည်ပကို ကျောင်းသွားတက်မလား။ အလုပ်ဝင်မဲ့သူတွေ အနေနဲ့ BTEC Vocational Trend က လာ တာဖြစ်တဲ့အတွက်ကြောင့် Skill ကို စိတ်ပူစရာမလိုပါဘူး။ ဒါ့အပြင် HND အောင်မြင်ပြီးသားသူတွေကို နိုင်ငံတကာမှာ Employer တွေက ကြိုဆိုလေ့ ရှိပါတယ်။  ဥပမာအားဖြင့် Europe မှာဆိုရင်  Intel ကုမ္ပဏီက HND ကျောင်းသားတွေကို ပုံမှန်လက်ခံလေ့ ရှိပါတယ်။ ဒါ့အပြင် HNDကို Professional Bodies တွေကလည်း အသိအမှတ်ပြုပါတယ်။ ဥပမာအားဖြင့် BCS (British Computer Society) (University)၊ HND က QCF Level 5 အဆင့်ရှိ Higher National Diploma ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၈၀ ကျော်၊ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်က လက်ခံကြပါတယ်။

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်အနေ နဲ့ကော ဘယ်လိုအကြံပေးချင်လဲ။

ဒီနေရာမှာ နည်းနည်းပြောချင်တာကတော့ ကျောင်းသားတွေ အနေနဲ့ အင်္ဂလိပ်စာကို IELTS 6/6.5 ရအောင် ကြိုးစားထားဖို့ လိုအပ်ပါတယ်။ နာမည်ကောင်း၊ နာမည်ကြီးတဲ့ တက္ကသိုလ်တော်တော်များများက IELTS ကို မဖြစ်မနေတောင်းတာမို့ HND ၂ နှစ် အတွင်းမှာ သေချာကြိုးစားထားရမှာပါ။ တကယ်လို့ IELTS မရှိဘဲနဲ့ ကျောင်းသွားတက်မယ်ဆိုရင် အဲဒီတက္ကသိုလ်က ချပေးတဲ့ Foundation Program ကို မဖြစ်မနေ တက်ရောက်ရမှာပါ။ အပို တက်ရောက်ရတဲ့ Program အတွက် သင်တန်းကြေးကလည်း သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဒေါ်လာ ၂,၀၀၀ ကနေ ၅,၀၀၀ အထိရှိပါတယ်။ အဲ့ဒီ Program မှာ အင်္ဂလိပ်စာသာမကဘဲ တခြားဥပမာ သင်္ချာလိုဟာမျိုးလည်း ပါလာပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျောင်းသားတွေအနေနဲ့ IELTS Score ကောင်းကောင်းရအောင် လုပ်ထားသင့်ပါတယ်။

ဝင်ခွင့်အနေနဲ့ကကော။

HND ကို တချို့တက္ကသိုလ်တွေက နောက်ဆုံးနှစ်ကနေ လက်ခံပြီးတော့ တချို့က ဒုတိယ နှစ်ကနေ စပြီးတော့လက်ခံပါ တယ်။ ဥပမာဆိုရင် HND ကို Greenwich University က နောက်ဆုံးနှစ်ကနေ လက်ခံပါတယ်။ ဒါကတော့ တက္ကသိုလ်တစ်ခုချင်းရဲ့ Policy နဲ့ပဲ ဆိုင်ပါတယ်။

ပြည်ပမှာ ကျောင်းသွားတက် မယ့်သူတွေအနေနဲ့ ဘာသာရပ်ရွေးချယ်မှုအပိုင်း ရှင်းပြပေးပါဦး။

ပြည်ပ တက္ကသိုလ်တွေမှာ ဆက်လက် တက်ရောက်မယ့် ကျောင်းသားအနေနဲ့ HND မှာမိမိအောင်မြင်ခဲ့တဲ့  unit တွေပေါ်မူတည်ပြီးတော့ ဘာသာရပ်တွေကို ရွေးချယ်ရမှာပါ။ ဥပမာအား ဖြင့် HND မှာ Networking ဘာသာရပ်ကို မသင်ယူခဲ့ဘဲနဲ့ BSC Network Engineering ကို လျှောက်လို့ မရပါဘူး။ ဒါကတော့ HND Program အကြောင်း အကျဉ်းရှင်းပြတာပါ။

Info Myanmar College အနေနဲ့ကော ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ပေးမလဲ။

ကျွန်မတို့ Info Myanmar College မှ HND တက်ရောက်မယ့် သူတွေအတွက် လိုအပ်တဲ့facality များကို စီစဉ်ထားရှိပါတယ်။ Info Myanmar College အနေနဲ့ သက်ဆိုင်ရာ unit တွေရဲ့တတ်မြောက်မှု ပိုမိုမြင့်မားအောင် Lab Room စီစဉ်ထားရှိပေးပါတယ်။ Networking အတွက်ဆိုရင် Cisco Lab, IBM Server နဲ့ Network Lab အတွက် လုံလောက်တဲ့ Device တွေ ရှိပါတယ်။ Software အတွက်ဆိုရင် E-library မှာ နမူနာ project တွေကို လေ့လာလို့ရပါတယ်။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် Library, E-Library တွေ စီစဉ်ထားရှိပေးပါတယ်။ ပြည်တွင်းမှာ အလုပ်ဝင်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်ရော၊ ပြည်ပမှာ ကျောင်းသွားတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက်ရော IELTS ကို Score ကောင်းကောင်းရအောင် တစ်ပတ်ကို အင်္ဂလိပ်စာ ၄ ချိန် သင်ယူရမှာဖြစ်ပြီး Language Test Room လည်း ထားရှိပါတယ်။ ဒါ့အပြင် HND ပြီးမြောက်တဲ့အခါမှာ လုပ်ငန်းခွင်နဲ့ ရင်းနှီးနေအောင်လည်း သက်ဆိုင်ရာလုပ်ငန်းခွင် (Industrial Field) တွေနဲ့ ချိတ်ဆက်စီစဉ်ပေးသွားမှာ ဖြစ်ပြီး Social Skill နဲ့ Team Work ကောင်း အောင်လည်း လေ့ကျင့်ပေးသွားမယ့် Program တွေ ရှိပါတယ်။

နောက်ဆုံးအနေနဲ့ Info Myanmar College အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘာအကြံပြု ချက်များ ပေးချင်လဲ။

နောက်ဆုံးအနေနဲ့ Info Myanmar College Team အနေနဲ့ ပေးချင်တဲ့ message ကတော့better skill, better lives ပါ။ အခုချိန်မှာ ကျွန်မတို့နိုင်ငံရဲ့ change ကာလဖြစ်တဲ့အတွက်ကြောင့် ပြိုင်ဆိုင်မှုတွေ စတင် ပြင်းထန်လာတဲ့ ကာလဖြစ်ပါတယ်။ ၂၀၁၅ (Asean Free Trade Area) အလွန်မှာ နိုင်ငံတကာနဲ့ ယှဉ်ပြီး အလုပ်ရှာကြတော့မယ်ဆိုရင် သာမန် အရည်အချင်းနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ Skill နဲ့ မိမိရဲ့အနာဂတ်ကို better skill, betterlives တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ IMCS Co.,Ltd., Info Myanmar College အနေနဲ့ မိမိရဲ့ ကျောင်း သား၊ ကျောင်းသူ များ အောင်မြင်မှု အတွက် အစွမ်းကုန် ထောက်ပံ့ကူညီ သွားပါမယ်။