Newbie

NOO-bee ဟု အသံထွက်သည့် newbie ဆိုသည်မှာ အားကစား သို့မဟုတ် နည်းပညာကဲ့သို့သော ကြိုးပမ်းအားထုတ်ရသည့် နယ်ပယ်တစ်ခုကို စတင်လေ့လာသူများအား ရည်ညွန်းခေါ်ဆိုသည်။ ၎င်းအသုံးအနှုန်းကို ကွန်ပျူတာ စတင်သုံးစွဲသူများနှင့် အင်တာနက် စတင်သုံးစွဲသူများအတွက်လည်း အသုံးပြုနိုင်သည်။ ဂလင်းကွန်နရီကမူ အဆိုပါ အသုံးအနှုန်းကို ၁၉၉၀ ခုနှစ်က အင်တာနက် chatting group တစ်ခုတွင် အသုံးပြုခဲ့ကြောင်း ဆိုသည်။ Newb, noob, n00b တို့မှာ Newbie ၏ အတိုကောက်စာလုံးများ ဖြစ်သည်။