Windows Phone အတွက် Minecraft ဂိမ်းကို Microsoft ဖြန့်ချိ

Minecraft.jpg

Microsoft သည်၎င်း၏ store ပေါ်တွင် Windows Phone သုံးစွဲသူများအတွက် Minecraft: Pocket Edition ဂိမ်းကို ဒေါ်လာ ၆.၉၉ ဖြင့် စတင်ရောင်းချ ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့်လ အနည်းငယ်က Microsoft သည်နာမည်ကျော် Minecraft ဂိမ်းကို နောက်ကွယ်က ဖန်တီးသည့် Mojan ကိုဝယ်ယူပြီး ၎င်းဂိမ်းကို Windows Phone သုံးစွဲသူများထံသို့ ဖြန့်ချိခဲ့သည်။ ၎င်းဂိမ်းတွင် survival နှင့် creative mode များ ပါဝင်သည့်အပြင် Wi-Fi ဖြင့် ချိတ်ဆက်၍လည်း multiplayer ဂိမ်းအတွေ့အကြုံကိုလည်း ခံစားနိုင်မည် ဖြစ်သည်။

Windows Phone သုံးစွဲသူများ အနေဖြင့် Minecraft ဂိမ်းကို ကစားလိုပါက Windows Phone 8.1 နှင့်အထက်ရှိရန် လိုအပ်သည်။ Minecraft:Pocket Edition ဂိမ်းကို Android နှင့် iOS တို့တွင်လည်း ဖြန့်ချိပေးထားကြောင်း သိရသည်။

Ref: TheNextWeb