Colorfly G808 3G

DSC_0607.jpg

အားသာချက်

တန်ဖိုး သင့်တင့်မျှတပြီး Hardware ပိုင်းမှာလည်း အသုံးပြုထားတဲ့ CPU နဲ့ Battery ပိုင်းတို့ဟာ ပေးရတဲ့ တန်ဖိုးနဲ့ စိတ်ကျေနပ်စရာ ကောင်းလောက်အောင် အသုံးပြုနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Colorofly G808 3G Tablet ဟာ 3G ကို အထောက်အပံ့ ပေးတာကြောင့် SIM Card ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ခရီးသွားလာနေရတဲ့ လူများအတွက် ရောက်ရာနေရာမှာ မိမိမိုဘိုင်း အင်တာနက်ကို ဖွင့်ပြီးအသုံးပြု နိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

ဒီ Tablet မှာတော့ အခြားသော Tablet များထက် ပိုမိုကောင်းမွန်တဲ့ CPU စနစ်ကို အသုံးပြုထားသော်လည်း RAM ကတော့ 1GB ပမာဏသာ ပါဝင်တာကို တွေ့မြင်ရမှာဖြစ်သလို၊ ထူးခြားတဲ့ နည်းပညာရပ် တွေကိုလည်း တွေ့မြင်ရမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

Colorfly G808 3G Tablet ဟာ ဈေးနှုန်းမျှတတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်သလို၊ ဒီဇိုင်းပိုင်းမှာလည်း ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံ ဖွဲ့စည်းထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ မြင်ကွင်း မျက်နှာပြင် အရွယ်အစားက ၈ လက်မ ရှိမှာဖြစ်ပြီး၊ သပ်ရပ်လှပတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

MTK 6592 Octa-Core 1.4 GHz မြန်နှုန်းရှိတဲ့ Processor ကို တပ်ဆင်ပေးထားပြီး၊ RAM ကတော့ 1GB ရှိမှာဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းနိုင်ဖို့အတွက် 8GB ပမာဏရှိတဲ့ eMMC Stroage ပါဝင်မှာဖြစ်ပြီး၊ SD Card ထည့်သွင်း အသုံးပြုချင် သူများအတွက်ကတော့ 32GB ပမာရှိတဲ့ SD Card ထိ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM Card ထည့်သွင်း အသုံးပြုမယ်ဆိုရင် GSM 850/900/1800/ 1900 WCDMA 2100 အစရှိတဲ့ Network တွေကို အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ Tablet မှာ အသုံးပြုထားတဲ့ Android Version ကတော့ 4.2.2 Version ကို အသုံးပြုထား တာကိုတွေ့မြင် ရမှာဖြစ်ပါတယ်။ IPS Capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့  1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Dual Camera ကို အသုံးပြုထားပြီး အရှေ့ဘက် ကင်မရာဟာ 2.0 Megapixels ရှိမှာဖြစ်ပြီး အနောက်ဘက် ကင်မရာကတော့ 5.0 Megapixels ရှိမှာဖြစ်ပါတယ်။ G Sensor, GPS တို့ ပါဝင်မှာဖြစ်ပြီး၊ Bluetooth စနစ်ကလည်း 4.0 ဖြစ်ပါတယ်။

ဒါ့အပြင် GPU မှာ mali450 MP4 Chip ကို အသုံးပြုထားပြီး Quad-Core 700MHz မြန်နှုန်း ရှိတဲ့အတွက် 3D Graphic အသုံးပြုထားတဲ့ ဂိမ်းတွေကို ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီမှာလည်း 4000mAh  ပမာဏရှိမှာ ဖြစ်ပါတယ်။

ဒီဇိုင်း

Colorfly G808 3G ရဲ့ သွင်ပြင်ဟာ အရှေ့ဘက်ရော အနောက်ဘက်ကိုပါ အဖြူရောင်ဖြင့် ပြုလုပ်ထားပြီး ဘေးဘောင် ပတ်လည်ကိုတော့ အပြာရောင်လေးဖြင့် ကွပ်ထားပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ ပုံစံဖြင့် ဖွဲ့စည်းထားပြီး ပါးလွှာတဲ့ ဒီဇိုင်းပုံစံကြောင့် အသုံးပြုမယ့်သူတိုင်း ကြိုက်နှစ်သက်စေနိုင်မယ့် ဒီဇိုင်းဖြစ်ပါတယ်။