Android Wear တွင်တရားဝင် Third-Party WatchFace ထောက်ပံ့မှု ရရှိတော့မည်

Watchfaces.jpg

ပြီးခဲ့သည့်ရက် အနည်းငယ်က ကျင်းပခဲ့သော Android Wear community တွင် Google သည် third-party developer များ၏ watchface ကို tool အသစ်များဖြင့် ဖန်တီးထားသော app များကို Play Store တွင်တရားဝင် ခွင့်ပြုပေးခဲ့သည်။

ထိုအခမ်းအနားတွင် Google မှပိတ်ပင်ထားသည့် နာမည်ကျော် အနုပညာရှင်၊ အမှတ်တံဆိပ်နှင့် အခြားပူးပေါင်း ပါဝင်သူများဖြစ်သော Hugh Turvey, Porsche, Pac Man, Red Bull, Despicable Me, Rebecca Minkoff နှင့်အခြား ကုမ္ပဏီများမှ ထုတ်လုပ်ထားသော watchface app များကိုတရားဝင် ခွင့်ပြုပြသ ပေးခဲ့သည်။ ထိုသို့ Google မှ watchface app များကို ခွင့်ပြုလိုက်ခြင်းသည် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချမှု တွင်ကျယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ Apple သည်လည်း ၎င်းဝတ်ဆင်နိုင်သော ထုတ်ကုန် မိတ်ဆက်ပွဲတွင် Disney watchface ဖြင့်ပူးတွဲ၍ ပြသခဲ့သည်။ ထိုသို့ စမတ်နာရီ ထုတ်လုပ်သူများမှ watchface  များစွာ ခွင့်ပြုပေးလိုက်ခြင်းသည် ၎င်းတို့၏ ထုတ်ကုန်များကို တုပရောင်းချနေသည့် ထုတ်ကုန်များကို ပိတ်ပင်လိုက်ရန် ကြိုးစားမှုတစ်ရပ် ဖြစ်သည်။

ယခုအခါ  Google မှခွင့်ပြု လုပ်ပေးလိုက်သော Android Wear app သစ်ကိုကြည့်ရှုပြီး download ပြုလုပ်ကာ watchface သစ်များကို အသုံးပြုနိုင်မည်။ Developer များအနေဖြင့်လည်း Watchface API ကိုပြင်ဆင် နေလျက်ရှိပြီး သုံးစွဲသူများစွမ်းအင်ချွေတာ နိုင်ခြင်းနှင့် display မှိန်ထားခြင်းတို့ကို ဆောင်ရွက်နိုင်မည့် software များ ဖြစ်ရန်ဖန်တီးနေလျက် ရှိသည်။

Ref: TechCruch