iDevice များအား တစ်နေရာ တည်းတွင် ဝယ်ယူခြင်း နှင့်ပြုပြင်ခြင်း များပြုလုပ် နိုင်မည်

IMG_6556.jpg

iDevice များအား တစ်နေရာ တည်းတွင် စုံစုံလင်လင်နှင့် ဝယ်ယူနိုင်မည် ဖြစ်သည့်အပြင် ယင်း Device များအတွက် ခေတ်မီစက်များဖြင့် ပြုပြင်ခြင်း ဆားဗစ် ဝန်ဆောင်မှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ ပြုလုပ်နိုင်မည့်  Apple Villa ဖုန်းဆိုင်သစ်အား အမှတ် – ၅၂၊  ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းဖုန်းဆိုင်တွင် Apple iPhone များအပြင် iPad, Macbook နှင့် All-in-One PC စသည့် Apple ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့ပြင် ဆားဗစ်အနေဖြင့် Apple ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲဆားဗစ်များကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ဟာ့ဒ်ဝဲပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုကို iPhone ၅ လုံး၏ ဆားကစ်ပိုင်း ဆိုင်ရာများအား တစ်ပြိုင်နက် ဖြုတ်တပ် ပြုလုပ်ပေးနိုင်သော SMD Rework စက်များဖြင့် ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။

“Apple Products အစုံကို  တစ်နေရာတည်းမှာ ဝယ်ယူနိုင်အောင် ရောင်းချပေးသွားမှာပါ။ ဒီဆိုင်ကနေ ဆားဗစ်အနေနဲ့ တကယ့်တိကျပြီး ကောင်းမွန်မှုရှိတဲ့ SMD rework စက်တွေ အသုံးပြုပြီး ပြင်ဆင်ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ SMD rework  စက်တွေက iDevice တွေရဲ့ Chipset တွေကို အမှားအယွင်း လုံးဝမရှိဘဲ ဖြုတ်တပ်၊ လုပ်နိုင်တဲ့စက်မျိုးကို ပြောတာပါ” ဟု Apple Villa မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။