Microsoft Office မှတစ်ဆင့် Bing ရှာဖွေမှုများကို တိုက်ရိုက်ပြုလုပ်နိုင်မည်

Insights-Abraham-Lincoln-1024x777.jpg
Microsoft သည် Office software အတွင်း Bing search platform တစ်ခုကို ပေါင်းစပ်ထည့်သွင်း ပေးခဲ့သောကြောင့် Bing မှရှာဖွေမှုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
အဆိုပါ feature ကို Insights ဟုခေါ်ဆိုကာ သုံးစွဲသူများ ရွေးချယ်မှု ပြုလုပ်ထားသော စကားလုံးကို ရှာဖွေပေးပြီး Bing Image မှ ဓာတ်ပုံများ သို့မဟုတ် Wikipedia မှအချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။ သုံးစွဲသူများက Insights ကို အသုံးပြုလိုပါက စကားလုံးပေါ်တွင် right click နှိပ်ကာ Insights ကိုရွေးချယ်ပေးရန်သာ လိုအပ်ပြီး ညာဘက်ဘေးတွင် navigation panel ပေါ်လာမည် ဖြစ်သည်။ ထို့အပြင် Office တွင် PDF ဖိုင်ထောက်ပံ့မှု ပိုမိုကောင်းမွန်လာပြီး ပြန်လည်ပြင်ဆင်နိုင်သည့် word စာရွက်စာတမ်းများကို PDF ဖိုင်များအဖြစ် ပြောင်းလဲပေး နိုင်သည့်အပြင် ဓာတ်ပုံများ အတွင်းပါဝင်သည့် စာသားများကိုလည်း ကူးယူနိုင်သည်။
Microsoft Office update တွင် feature များစွာ ပါဝင်လာပြီး စာမျက်နှာများအတွက် visual guideline များနှင့် သင်္ကေတများ ထည့်သွင်းနိုင်သည့် Tell Me အထောက်အပံ့ tool လည်း ပါဝင်လာသည်။
Ref: TheNextWeb