Marvel Heroes 2015 နှင့်အတူ F2P Online ဂိမ်းသစ်များထွက်ရှိ

Marvel-Heroes-2015.jpg

Steam မှ တစ်ဆင့် Online တွင် အခမဲ့ ကစားနိုင်မည့် ဂိမ်းသစ်များ၏ 2015 Online Game Client သစ်များ ဆက်တိုက် ထွက်ရှိလာသလို Marvel Heroes 2015 နှင့်အတူ Team Fortress 2၊ Rift နှင့် Warframe အစရှိသော ဂိမ်းများ၏ Update များ ထွက်ရှိလာကြောင်း သိရသည်။

Marvel Heroes 2015 ဂိမ်းသစ်မှာ ကစားသူအနေဖြင့် Captain America၊ Iron Man နှင့် Spider Man အစရှိသော ဇာတ်ကောင်များကို ကိုင်တွယ်ပြီး ကစားနိုင်သည့် Action RPG ဂိမ်းဖြစ်ပြီး 2015 Version တွင် Guardians of Galaxy ဇာတ်ကောင်များနှင့် Magneto ကဲ့သို့ Villain ဇာတ်ကောင်များကိုပါ ကိုင်တွယ်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

Marvel Heroes 2015 နှင့်အတူ Free to play Online ဂိမ်းသစ်များ၏ 2015 Update Version များကို GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၅၄၁၇၂၇၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။