64MP ကင်မရာနဲ့ ပွဲထွက်လာတဲ့ Huawei nova 7, 7 SE နဲ့ 7 Pro

Huawei ဟာ ကောလာဟလနဲ့ ခန့်မှန်းချက်တွေ များစွာ ထွက်ပေါ်နေတဲ့ nova 7 စီးရီးဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Huawei ကအွန်လိုင်းကနေ nova 7 Pro, nova 7 နဲ့ nova 7 SE ထုတ်ကုန် ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

ဖုန်း ၃ မျိုးစလုံးမှာ 64MP ကင်မရာနဲ့ 5G ထောက်ပံ့မှုပါဝင်သလို 40W အားသွင်းမြန်ဆန်စနစ်နဲ့ ဘက်ထရီ 4,000mAh လည်းပါဝင်လာပါတယ်။ ဖုန်းတွေအကြားမှာ ကွာခြားချက်က display တွေနဲ့ chipset တွေဖြစ်ပါတယ်။ nova 7 နဲ့ 7 Pro မှာတော့ Kirin 985 ကိုအသုံးပြုထားပြီး nova 7 SE မှာတော့ Kirin 820 ကိုအသုံးပြုထားပါတယ်။

nova 7 Pro

Huawei nova 7 Pro 5G ကိုတော့ မျက်နှာပြင်ကွေး ၆.၅၇ လက်မ OLED display နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေး၊ 19.5:9 aspect ratio တို့နဲ့တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့ panel မှာတော့ dual punch hole ပါဝင်ပြီး selfie ကင်မရာ 32MP နဲ့ 8MP ကိုထည့်သွင်းထားသလို built-in fingerprint scanner ပါဝင်လာပါတယ်။

ကျောဘက်မှာတော့ 1/1.7” 64MP အဓိက ကင်မရာအပြင် 8MP ultrawide ၊ 8MP periscope အစိတ်အပိုင်းနဲ့ OIS နဲ့အတူ 5X optical နဲ့ 50X hybrid zoom တို့ပါဝင်လာပါတယ်။ နောက်အစိတ်အပိုင်းတစ်ခုကတော့ 2MP macro ဖြစ်ပါတယ်။

nova 7 Pro မှာ Kirin 985 chipset နဲ့အတူ RAM 8GB နဲ့ 128/256GB storage တို့နဲ့တွဲဖက်ပေးထားပါတယ်။ ဘက်ထရီကတော့ 4,000mAh နဲ့ 40W အထိ အားသွင်းပေးနိုင်တယ်။ Android အခြေခံ EMUI 10.1 ကို အသုံးပြုထားပါတယ်။

Huawei nova 7 Pro ကို အနက်၊ ခရမ်း၊ အစိမ်း၊ အနီနဲ့ ငွေရောင်တို့နဲ့ ထုတ်လုပ်ထားပါတယ်။ အခြေခံ 8/128GB မော်ဒယ်ကတော့ ၅၂၂ ဒေါ်လာကျသင့်မှာ ဖြစ်ပြီး 8/256GB ကတော့ ဒေါ်လာ ၅၈၀ ကျသင့်ပါမယ်။ ဧပြီလ ၂၈ ရက်မှာ စတင်ရောင်းချပါမယ်။

nova 7

nova 7 5G ကတော့ မျက်နှာပြင် ၆.၅၃ လက်မ OLED FHD+ display နဲ့အတူ 32MP selfie ကင်မရာ ပါဝင်လာပါတယ်။ ဖုန်း panel ကတော့ 20:9 aspect ratio ဖြစ်ပြီး fingerprint scanner ပါဝင်လာပါတယ်။

ကင်မရာကတော့ 64MP ပဲဖြစ်ပေမယ့် 8MP telephoto ပါဝင်ပြီး 3X optical နဲ့ 5X hybrid zoom တို့ ပါဝင်လာပါတယ်။ အခြားအစိတ်အပိုင်းကတော့ 2MP macro ပါဝင်လာတာ ဖြစ်ပါတယ်။

nova 7 ဟာ nova 7 Pro လိုမျိုး Kirin 985 နဲ့အတူ RAM 8GB နဲ့ 12/256GB storage တို့ပါဝင်လာပါတယ်။ nova 7 ရဲ့ 8/128GB ဗားရှင်းကတော့ ၄၂၅ ဒေါ်လာကျသင့်ကာ 8/256GB ကတော့ ဒေါ်လာ ၄၈၀ ကျသင့်ပါမယ်။ ဖုန်းကို တရုတ်နိုင်ငံအတွင်း ဧပြီ ၂၈ ရက်မှာ စတင်ရောင်းချပါမယ်။

nova 7 SE

nova 7 SE ဖုန်းကတော့ nova 7 ဗားရှင်းအသေးစားဖြစ်ပြီး မျက်နှာပြင် ၆.၅ လက်မ IPS display နဲ့အတူ punch-hole အတွင်း 16MP selfie ကင်မရာကိုထည့်သွင်းထားပါတယ်။ ဒီတစ်ခါ ထူးခြားတာက ဖုန်းရဲ့ဘေးဘက်မှာ fingerprint reader ကိုထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ nova 7 SE အဓိက ကင်မရာ 64MP, 8MP ultrawide နဲ့ 2MP macro ဖြစ်ပြီး telephoto နေရာမှာတော့ 2MP depth sensor ပါဝင်လာပါတယ်။

ဖုန်းမှာ Kirin 820 5G chipset ကို RAM 8GB နဲ့ 12/256GB တို့နဲ့တွဲပေးထားတယ်။ ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး 40W အားသွင်းမြန်ဆန်စနစ်တို့ပါဝင်လာပါတယ်။ nova 7 SE ရဲ့ 8/128GB ကတော့ ဒေါ်လာ ၃၄၀ ကျသင့်ကာ 8/256GB ကတော့ ၃၉၅ ဒေါ်လာ ကျသင့်ပါမယ်။

စိုးထက်
Ref: GSMArena

အင်တာနက်ဂျာနယ်ရဲ့ သတင်းတွေကို Messenger Bot ကနေ ဖတ်ချင်တယ်ဆိုရင် ဒီလင့်ခ်လေးကို တစ်ချက်နှိပ်လိုက်ရုံပါပဲ